syria
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အလက်ပိုမှာ အကူအညီတွေ အရေးတကြီး လိုအပ်

  • 27 စက်တင်ဘာ 2016

ဆီးရီးယားက အလက်ပိုမြို့ အရှေ့ခြမ်းမှာ လူသားချင်းစာနာမှု အကူအညီတွေ အရေးတကြီး ပေးဖို့ လိုအပ်နေပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး က ပြောပါတယ်။ အဲဒီမှာ ပြီးခဲ့တဲ့ တပတ်ထဲက အမေရိကန်နဲ့ ရုရှားတို့ဖော်ဆောင်ပေးထားတဲ့ အပစ်ရပ်စဲမှုသဘောတူညီချက်တွေပျက်ပြားသွားထဲက အပြင်းအထန်ဗုံးကြဲ တိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ်။ ဒဗလျူ အိတ်ချ်အိုရဲ့ ခန့်မှန်းချက်အရ အဲဒီမှာ ရှိတဲ့ လူပေါင်း ၂ သိန်းခွဲလောက်ကိုကုသဖို့ ဆရာဝန် ၃၅ ဦးပဲ ရှိနေပါတယ်။ အဲဒီ က အခြေအနေတွေကို ဘီဘီစီသတင်းပေးပို့ချက်ကို ရှုစားရအောင်ပါ။ မမေစန္ဒီပြောပြမှာပါ။ ဒီသတင်းမှာ စိတ်အနှောင့်အရှက် ဖြစ်စရာပုံရိပ်တွေပါတဲ့အကြောင်း ကြိုတင် အသိပေးပါရစေ။