us saudi
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သမ္မတအိုဘားမားရဲ့ ဗီတိုအာဏာ ကွန်ဂရက်ပယ်ချ

  • 29 စက်တင်ဘာ 2016

စက်တင်ဘာ ၁၁ ရက်တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ရသူတွေရဲ့မိသားစု တွေက ဆော်ဒီအာရေဗျ ကိုတရားစွဲဆိုနိုင်မယ့် ဥပဒေကြမ်း ကို သမ္မတအိုဘားမားက ဗီတိုအာဏာ နဲ့ပိတ်ပင်ဖို့ကြိုးစားခဲ့ပေမယ့် အမေရိကန် ကွန်ဂရက်လွှတ်တော်က အဲဒီပိတ်ပင်မှုကို လက်မခံဘဲ ပယ်ချလိုက်ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ လေယာဉ်အပိုင်စီးသူအများစုဟာ ဆော်ဒီနိုင်ငံသားတွေဖြစ်ပြီး၊ ဆော်ဒီအစိုးရ ကတော့ ဒီကိစ္စမှာသူတို့ပါဝင်ပတ်သက်ခြင်းလုံးဝ မရှိခဲ့ဘူးလို့ငြင်းဆိုခဲ့ပါတယ်။ သမ္မတအိုဘားမားကခုလိုတရားစွဲဆိုခွင့် ပြုတာဟာ ကြီးမားတဲ့မှားယွင်းမှုဖြစ်တယ်လို့ဆိုလိုက်ပါတယ်။

ကိုအောင်သွင်က ပြောပြမှာပါ။