syria
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆီးရီးယား အပစ်ရပ်ရေး သဘောတူညီချက်ရဖို့ ပြင်သစ်နဲ့စပိန်တို့ မျှော်လင့်

  • 4 အောက်တိုဘာ 2016

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆီးရီးယား အပစ်ရပ်ရေးအတွက် သဘောတူညီချက်ရဖို့ ပြင်သစ်နဲ့စပိန်တို့ မျှော်လင့်နေကြပါတယ်။

အမေရိကန်နဲ့ရုရှားတို့ ကြားက ညှိပေးထားတဲ့ အပစ်ရပ်ရေး တွေ ပြိုလဲခဲ့ရတဲ့နောက်မှာ အပစ်ရပ်ရေးအတွက် ထပ်ကြိုးစားကြတာပါ။ အဲဒီအထဲမှာ အလက်ပိုမြို့ပေါ် စစ်လေယာဉ်တွေ ပျံသန်းနေတာကိုပါ ရပ်တန့်ပေးဖို့ ပါပါတယ်။

တချိန်ထဲမှာပဲ အမေရိကန်က ရုရှားဟာ ဆီးရီးယားမှာ ငြိမ်းချမ်းရေးရဖို့ အတွက် ဖော်ဆောင်ပေးနိုင်မှုမရှိဘူး ဆိုပြီး အဲဒီကိစ္စအတွက် ဆက်သွယ်မှုတွေကို ရပ်ဆိုင်းလိုက်ပါတယ်။ ကိုအောင်သွင်က ပြောပြမှာပါ။