အာဖဂန်က ဒတ်ချ်တပ်ဖွဲ့တွေ ပြန်ရုပ်သိမ်း

  • 1 ဩဂုတ် 2010
Dutch troops in Afghan
Image caption အခုလို ဒတ်ချ်တပ်ဖွဲ့တွေ ရုပ်သိမ်းတာကို တာလီဘန်တွေက ချီးကျူးလိုက်ပါတယ်

အာဖဂန်စစ်ပွဲမှာ (၄) နှစ်ကြာ ပါဝင်ဆင်နွှဲ နေတဲ့ ဒတ်ချ်တပ်ဖွဲ့တွေကို နယ်သာလန် နိုင်ငံက ဒီကနေ့ ပြန်ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

တပ်ဖွဲ့ဝင် (၂၀၀၀) နီးပါးရှိတဲ့ ဒတ်ချ် တပ်ဖွဲ့တွေ ဟာ အာဖဂန်မှာ အအောင်မြင်ဆုံး ဆောင်ရွက် နိုင်ခဲ့တဲ့ နိုင်ငံခြားတပ်ဖွဲ့ ဖြစ်တယ်လို့ ယူဆရ ပါတယ်။

အာဖဂန် ပါလီမန်အမတ် အာမတ် ဂျိုယန်ဒါ ကတော့ တပ်ဖွဲ့တွေ ပြန်ရုပ်သိမ်းတဲ့ ကိစ္စဟာ သဘာဝကျကြောင်း၊ ဒါပေမယ့် အာဖဂန်မှာ သူတို့ရဲ့ အလုပ်တွေ အောင်မြင် ပြီးမြောက်ခဲ့ပြီလားဆိုတာ တပ်ဖွဲ့တွေ ပြန်မရုပ်သိမ်းခင် ပြန်ဆန်းစစ်သင့်တယ်လို့ ပြောပါတယ်။

အာဖဂန်မှာ အမေရိကန်တပ်ဖွဲ့ဝင် (၈) သောင်းနဲ့ တခြားနိုင်ငံတွေက တပ်ဖွဲ့ဝင် (၃) သောင်း ရှိနေတာ ဖြစ်ပါတယ်။

နေတိုးအရာရှိတွေ ကတော့ အခုလို ဒတ်ချ်တပ်ဖွဲ့တွေပြန်ရုပ်သိမ်းတာကို သိပ်အရေးမကြီးတဲ့ ပုံမျိုး ပြောပါတယ်။

ဒါပေမယ့်လို့ မဟာမိတ်တပ်ဖွဲ့တွေမှာ သေကြေထိခိုက် ဒဏ်ရာရရှိမှုတွေ တိုးလာနေပြီး၊ သေနင်္ဂဗြူဟာနဲ့ပတ်သက်တဲ့ သံသယရှိမှုတွေ ဖြစ်နေတာကြောင့် အခုအနေအထားဟာ မဟာမိတ်တွေအတွက် အထိခိုက်မခံနိုင်တဲ့ အချိန်ကို ရောက်ရှိလာနေပြီလို့ သတင်းထောက် တွေက သုံးသပ်ပါတယ်။

တာလီဘန်တို့ကတော့ အခုလို နယ်သာလန်နိုင်ငံက သူတို့တပ်ဖွဲ့ဝင်တွေ ပြန်ရုပ်သိမ်းတာကို လှိုက်လှိုင်လှဲလှဲ ချီးကျူးပါကြောင်း ပြောကြားလိုက်ပြီး တခြားနိုင်ငံတွေလည်း နယ်သာလန် နိုင်ငံလို လိုက်လုပ်တာကို စောင့်ကြည့်နေမယ်လို့ ဆိုပါတယ်။

ကနေဒါတပ်ဖွဲ့ဝင်တွေကိုတော့ နောက်နှစ်မှာပြန်ရုပ်မှာ ဖြစ်ပြီး၊ ဗြိတိန်ကတော့ တိုက်ခိုက်မှု တွေကို (၂၀၁၅) ခုနှစ်မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။