အာဖဂန်မှာ ကျန်းမာရေးဝန်ထမ်း ဆယ်ဦး အသတ်ခံရ

  • 7 ဩဂုတ် 2010
map

အာဖဂန်နစ္စတန် ဘက်ဒက်ရှမ်းပြည်မှာ ကြာသာပတေးနေ့က ကျန်းမာရေးဝန်ထမ်း တွေရဲ့ ယာဉ်တန်းတခု ချုံခို တိုက်ခိုက်ခံရ ကာ ကျန်းမားရေးဝန်ထမ်း (၁၀) ဦး ပစ်သတ်ခံလိုက်ရပါတယ်။

သေဆုံးသွားသူတွေကတော့ အမေရိကန် (၁၀) ဦး၊ ဗြိတိန်နိုင်ငံသား (၁) ဦး၊ တခြား နိုင်ငံခြားသား (၁) ဦးနဲ့ အာဖဂန်လူမျိုး (၂) ဦးတို့ ဖြစ်ကြပါတယ်။ အခုတိုက်ခိုက်မှုဟာ ဓါးပြတိုက်သူတွေရဲ့ လက်ချက် ဖြစ်ပုံပေါ်တယ်လို့ ရဲအရာရှိ တဦးကပြောပါတယ်။

ဒါပေမယ်လို့ တာလီဘန်နဲ့ ဟဇ်ဘီအစ္စလန်မီး သူပုန်အုပ်စု ၂ ခု ကတော့ ဒီနိုင်ငံခြားသား တွေဟာ ခရစ်ယာန်ဘာသာရေးကျမ်းစာအုပ်တွေ သယ်ဆောင်လာပြီး အမေရိကန် ပြည်ထောင်စုအတွက် သူလျှိုလုပ်ပေးနေတာဖြစ်တာကြောင့် သတ်ပစ် လိုက်တာလို့ ပြောပါတယ်။

တာလီဘန်ပြောခွင့်ရသူက အဲဒီသူတွေမှာ ဒါရီ ဘာသာပြန် ခရစ်ယာန်ကျမ်းစာအုပ်တွေ တွေ့ရတဲ့အတွက် သူတို့ဟာ ခရစ်ယာန် သာသနာပြုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ကျန်းမားရေးထမ်းတွေကို ခန့်အပ်ထားတဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ IAM ခရစ်ယာန် ပရဟိတအဖွဲ့က အခုလို သူ့လူတွေ သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက် တွေကို ပယ်ချလိုက်ပါတယ်။

ဘက်ဒက်ရှမ်းပြည်နယ်ဟာ လုံခြုံစိတ်ချရဆုံး ဒေသတခုအဖြစ် အချိန်ကာလအတော်ကြာ အသိအမှတ်ပြုခံထားရတာဖြစ်ပါတယ်။

Image caption ဗြိတိန်က ဒေါက်တာ ဝူးဟာလည်း ပြစ်သတ်ခံလိုက် ရပါတယ်

အာဖဂန်ကို အမေရိကန်ဦးဆောင်တဲ့ နိုင်ငံ တကာ တပ်ဖွဲ့တွေ ၂၀၀၁ ခုနှစ်မှာ ဝင်သိမ်းပြီး မှသာ တာလီဘန်တွေဟာ ဘက်ဒက်ရှမ်း ပြည်နယ်ကို ထိန်းချုပ်ခဲ့ တာဖြစ်ပါတယ်။

သေဆုံးသူတွေရဲ့ ဆွေမျိုးတွေကို အကြောင်း ကြားခဲ့ပြီဖြစ်ပြီး၊ အလောင်းတွေကိုလည်း ရဟတ်ယာဉ်နဲ့ မြို့တော်ကာဘူးကို သယ်ဆောင်သွား နေပြီဖြစ်ပါတယ်။