ကက်စထရိုလူထုရှေ့ပြန်ထွက်လာ

  • 8 ဩဂုတ် 2010
fidel
Image caption ဖီဒဲလ်ကက်စထရို

ကျူးဘားနိုင်ငံရဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဖီဒဲလ် ကက်စထရို က ၄ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် ကျူးဘား အမျိုးသား ညီလာခံမှာ မိန့်ခွန်း ပြောကြား ခဲ့ရာမှာ နျူကလီးယား စစ်ပွဲဖြစ်ပွား နိုင်တဲ့ အန္တရာယ်တွေနဲ့ ပတ်သက်လို့ သတိပေး ပြောကြား ခဲ့ပါတယ်။

မစ္စတာ ကက်စထရိုဟာ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်က အစာအိမ် ခွဲစိတ်မှု ခံယူအပြီးမှာသူရဲ့ညီတော်သူ ရာအူးလ် ကို အာဏာ လွှဲပေး ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ကက်စထရိုက အမေရိကန်ဟာ အီရန်နဲ့ မြောက်ကိုးရီးယားတို့ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ လဲ ဆိုပါတယ်။

ဒါပေမယ့် ဒီလိုအဖြစ်မျိုးတွေကြုံမလာရအောင်လို့ အမေရိကန်သမ္မတ အိုဗားမား ဟာ သူရဲ့ အာဏာနဲ့ တားဆီးနိုင်မှာဖြစ်တယ်လို့လဲ ပြောပါတယ်။

မစ္စတာ ကက်စထရိုဟာ အရင်က အနောက်အုပ်စု အပေါ်မှာ မိန့်ခွန်းရှည်တွေနဲ့ ပုတ်ခတ်တတ်သူ တစ်ဦးအဖြစ်လူသိများပါတယ်။ ဒီတစ်ခါ မှာတော့ မိန့်ခွန်းကို ၁၂ မိနစ်ကြာ သာပြောကြား ခဲ့ပြီး နောက်ပိုင်း မှာတော့ သူ့ကို မေးလာတဲ့ မေးခွန်းတွေကိုပဲ ဖြေကြား သွားခဲ့ပါတယ်။