မြစ်ဆုံဆည် မဆောက်ဖို့ တရုတ်သမ္မတထံစာပို့

  • 11 ဩဂုတ် 2010
myitsone dam
Image caption တရုတ်သမ္မတဟူဂျင်တောင်း ထံ ကချင်အဖွဲ့စာပို့ (Photo:KNG)

ကချင်ပြည်နယ် မြစ်ကြီးနားက မေခနဲ့ မေလိခမြစ်ဆုံရာ မြစ်ဆုံအရပ်မှာ မြန်မာအစိုးရက တရုတ်ကုမ္ပဏီ တွေရဲ့ အကူအညီနဲ့ ရေကာတာကြီး ဆောက်လုပ်နေတာကို ရပ်ဆိုင်းပေးဖို့ ကချင်အမျိုးသားများ အစည်းအရုံး က တရုတ်သမ္မတ ဟူဂျင်တောင်း ထံ စာရေးသားပေးပို့ လိုက်ပါတယ်။

ဒီမြစ်ဆုံဆည်ကြောင့် ဧရာဝတီမြစ်ကြီးရဲ့ သမိုင်းဝင် ပျောက်နိုင်သလို၊ ဒေသခံ ကချင်လူမျိုးတွေရဲ့ အိုးအိမ်ပျက်စီးမှု၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု တွေ ဖြစ်နိုင်ပုံ ကို ကချင်အမျိုးသားများအစည်းအရုံးမှ အတွင်းရေးမှူး ဦးခွန်ဆာ က ဘီဘီစီ ကို ပြောပြပါတယ်။

မြစ်ဆုံဆည်ကြောင့် ရရှိမဲ့ လျှပ်စစ်စွမ်းအင်ဟာလဲ ဒေသခံတွေ အတွက် မဟုတ်ပဲ တရုတ်နိုင်ငံ အတွက်သာ အကျိုးအမြတ် ရနိုင်ကြောင်း ဦးခွန်ဆာက ရှင်းပြပါတယ်။

မြန်မာအစိုးရကိုလဲ ဆည်တည်ဆောက်ရေး မလုပ်ဖို့ ပြောပေမဲ့ မရတဲ့ အတွက်၊ အခုလို တရုတ်သမ္မတ ထံ လူသားချင်းစာနာရေး ထောက်ပြရပုံ၊ နောက်ပိုင်း ပြဿနာ ဟာ သူတို့ရဲ့ ပြဿနာ သာဖြစ်ပုံ၊ ဒါကို သတိပေး တားမြစ်ရပုံ တွေ ကိုလဲ ဦးခွန်ဆာက ပြောပြပါတယ်။