အင်္ဂလန် ပရီမီးယားလိဂ် ပြန်စပြီ

  • 14 ဩဂုတ် 2010

ဒီကနေ့ ပြန်စပြီဖြစ်တဲ့ အင်္ဂလန် ပရီမီးယားလိဂ် ဘောလုံးပွဲစဉ် အဖွင့်မှာ စပါးနဲ့ မန်စီတီးတို့ တဖက်နဲ့ တဖက် ဂိုးမသွင်းနိုင်ဘဲ သရေကျသွားပါတယ်။ လက်ရှိ ချန်ပီယံ ချဲဆီးကတော့ အောက်အဆင့်ကနေတက်လာတဲ့ ဝက်စ်ဘရောင်ဝစ်ချ်ကို (၆) ဂိုးပြတ်နဲ့ အနိုင်ယူလိုက် ပါတယ်။

မနက်ဖြန်မှာတော့ လီဗာပူးက အာဆယ်နယ်ကို အိမ်ကွင်းကစားမှာ ဖြစ်ပြီး ကန့်လန့်ကာ ဖွင့်ပွဲမှာ ချဲဆီးကိုနိုင်ခဲ့တဲ့ မန်ယူကတော့ နယူးကာဆယ်နဲ့ အိမ်ကွင်းကစားမှာ ဖြစ်ပါတယ်။