ရုရှားမှာဂျုံနဲ့သီးနှံတင်ပို့မှုကိုပိတ်

  • 15 ဩဂုတ် 2010
russia_fire
Image caption ရုရှားမှာတောမီးတွေကြောင့်စိုက်ပျိုးမြေတွေ ပျက်ဆီးခဲ့ရပါတယ်

ရုရှား နိုင်ငံမှာ အပူ လှိုင်းတွေ ဖြတ်ပြီး တောမီးတွေ လောင်ကြွမ်း ခဲ့တာကနေ နိုင်ငံရဲ့ သီးနှံ စိုက်ပျိုးမှုရဲ့ ၃ ပုံ ၁ ပုံလောက် ပျက်ဆီး ခဲ့ရတဲ့ အတွက် ပြည်ပကို ဂျုံနဲ့ တခြား သီးနှံ တင်ပို့ မှုတွေကို တားမြစ် ပိတ်ပင် လိုက်ပါတယ်။

ကမ္ဘာပေါ်မှာ တင်ပို့မှု အများဆုံး နိုင်ငံ တနိုင်ငံ ဖြစ်တဲ့ ရုရှားမှာ ပြီးခဲ့တဲ့ ဇွန်လက စပြီး မိုးခေါင် ရေရှား ဖြစ်ခဲ့ တာကြောင့် ဂျုံနဲ့ သီးနှံ ဈေးတွေ သိသိသာသာ ထိုးတက် သွားခဲ့တဲ့ အတွက် အခုလိုပြည်ပ တင်ပို့မှုကို ပိတ်ပင် ထားလိုက် တာဖြစ်ပါတယ်။

ဒီ ပိတ်ပင်မှုကို နောက်နှစ်ထဲ အထိ ဆက်ပြီး ပြဋ္ဌာန်း ထားဖို့ လဲ အလား အလာတွေ ရှိနေ ပါတယ်။

ပါကစ္စတန် နိုင်ငံမှာ ရေကြီး နေတာမျိုး ရာသီဥတု ပြင်းထန် ဆိုးရွား မှုတွေကြောင့် ကုန်ရောင်း ကုန်ဝယ် ဈေးကွက် တွေ မှာ ထိခိုက် မှုတွေ ရှိနေပြီး ကမ္ဘာ့ စားနပ် ရိက္ခာ ဈေးတွေ တက်လာဖို့ ခြိမ်းခြောက် လျှက်ရှိ ပါတယ်။