ရုရှားစစ်ဗိုလ်ဟောင်း ဗစ်တာဘွတ်

  • 20 ဩဂုတ် 2010

သေမင်းကုန်သည် လို့ တချိန်က အမည်တွင် ခဲ့ တဲ့ Mr Bout ကို ၂၀၀၈ ခုနှစ် ထိုင်း နဲ့ အမေရိကန်တို့ ပူးပေါင်း စစ်ဆင်ရေးမှာ ဖမ်းစီးမိခဲ့ ပါတယ်။

Image caption သေမင်းကုန်သည်

ဆိုဗီယက် လေတပ် အရာရှိ ဟောင်း Viktor Bout ကို အမေရိကန်တို့ကို သတ်ဖြတ်ဖို့ ပူးပေါင်းကြံစည်မှု အကြမ်းဖက်သမားတွေကို လက်နက် ပစ္စည်း အားပေးကူညီမှု မှာ ပူးပေါင်းကြံစည်မှု နဲ့ ဒုံးခွင်းဒုံးတွေ လက်၀ယ် ရရှိ အောင် နဲ့ အသုံးပြုအောင် ပူးပေါင်း အားပေး ကူညီမှု တွေနဲ့ အမေရိကန်က တရားစွဲဆိုထားပါတယ်။

ကိုလံဘီယာ သူပုန်တွေကို လက်နက် ရောင်းချမှုမှာ ပူးပေါင်းကြံစည်တယ် ဆိုတဲ့ အမေရိကန်ရဲ့ စွဲဆိုချက်အပေါ် သူ့မှာ အပြစ်မရှိ ဘူးလို့ Mr Bout က ငြင်းဆိုပါတယ်။

သောကြာနေ့မှာ ထိုင်းတရားရုံးက Mr Bout အမှုကို မကြားနာခင် အမေရိကန် ဘက်က နောက်ထပ် ငွေဖြူငွေမဲ ခဝါချမှု နဲ့ အီလက်ထရောနစ် လိမ်လည် မှုတွေနဲ့ ထပ်ပြီး စွဲချက်တင်ပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov က အခုစီရင်ချက်က တရားမဝင်တဲ့ စီရင်ချက်ဖြစ်ပြီး ပြင်ပက အလွန်အကျွံ့ ဖိအားပေးမှု ပါဝင်တယ်လို့ ရုရှား အစိုးရက ယုံကြည်ကြောင်း ပြောပါတယ်။

သူ့ကို မိခင်နိုင်ငံဆီ ပြန်လာနိုင်အောင် လို့ သူတို့ ဘက်က လုပ်စရာရှိတာ အကုန်လုပ် ပေးမယ်လို့ ဆိုပါတယ်။

Mr Bout အပြစ်ကျူးလွန်ကြောင်း ထင်ရှား ရင်အမေရိကန်တရားရုံးက သူ့ကို တသက်တကျွန်းဒဏ် စီရင်ဆုံးဖြတ်နိုင်ပါတယ်။

အမေရိကန်က Viktor Bout ကို al-Qaeda အယ်လ်ခါအီဒါ နဲ့ တာလီဗန် တွေကိုလက်နက် ရောင်းချသူ လို့စွပ်စွဲထား တာကြောင့် အမေရိကန်မှာ မျှမျှတတ အမှုရင်ဆိုင်ခွင့် မရနိုင်ဘူးလို့ သူ့ရဲ့ ရှေ့နေတွေက စောဒက တက်ပါတယ်။

Mr Bout ဟာ အာဖရိက နိုင်ငံတွေ မှာလည်း လက်နက် မှောင်ခို ရောင်းဝယ်မှု နဲ့ညှိစွမ်းနေသူ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ စုံစမ်း စစ်ဆေးချက်တွေ မှာတွေ့ ရှိရပါတယ်။

ကုလသမဂ္ဂက လက်နက် တင်ပို့မှု တားမြစ်ထားတဲ့ အာဖရိက နိုင်ငံ အင်ဂိုလာက ယူနီတာ သူပုန်ဟောင်းတွေ ဆီလက်နက် ရောင်းချဖို့ Mr Bout က လေယဉ်အခေါက် ၃၇ ခေါက် စီစဉ်ပေးခဲ့ တယ်လို့ မှတ်တမ်းတခုမှာ တွေ့ရှိရ ပါတယ်။

သူ့ဘက်က ရပ်တည်ပေးနေတဲ့ ဝက်ဆိုက် တခုမှာ Viktor Bout ကို ဆိုဗီယက် ယူနီယံမှာ မွေးဖွားခဲ့ ပြီး ဆိုဗီယက် စစ်တပ်ရဲ့ စကားပြန် အဖြစ် အာဖရိကမှာ တာဝန်ထမ်းခဲ့ ဖြစ်တယ်လို့ ရေးသား ထားပါတယ်။ သူ ဟာ ဘာသာစကား ရှစ်မျိုး တတ်ကျွမ်းသူ လို့ဆိုပါတယ်။