၁၇ ရက် တွင်းထဲ ပိတ်မိသူတွေ အသက်ရှင်

  • 23 ဩဂုတ် 2010
Image caption လုပ်သားတွေ ပိတ်မိနေတဲ့ မိုင်းတွင်း

ချီလီနိုင်ငံမှာ ပြီးခဲ့တဲ့ ၁၇ ရက်အတွင်း ရွှေနဲ့ ကြေးနီတွင်းမှာ ပိတ်မိနေတဲ့ မိုင်းတွင်း အလုပ်သမား ၃၃ ယောက် အသက်ရှင် နေသေးကြောင်း အဆက်အသွယ် ရပြီလို့ သမ္မတ ဆီဘတ်စတီယမ် ပင်ညဲရာ့က ပြောပါတယ်။

ပိတ်မိနေတဲ့ လှိုဏ်ခေါင်းကနေ သူတို့ အသက်ရှင်လျက် ရှိကြောင်း စာရွက်ပေါ်မှာရေး အသိပေးခဲ့တာ ဖြစ်တယ်လို့ အစိုးရပိုင် ရုပ်မြင်သံကြားမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မိုင်းတွင်းရဲ့ အနက်ဆုံးနေရာ ၊ လှိုဏ်ခေါင်း လမ်းကြောင်း အလယ်ကနေ ဒီကနေ့ အကြောင်းကြားစာကို ရခဲ့တာ ဖြစ်ပြီး စာထဲမှာ သူတို့ ညီညွတ်စွာ အသက်ရှင်လျက် ရှိပါသေးတယ် ၊ နေ့အလင်းရောင်ကို မြင်ချင်ပါတယ် ၊ မိသားစုတွေနဲ့ ပြန်ဆုံဆည်း ချင်ပါတယ်လို့ မိုင်းတွင်း လုပ်သားတွေ ရေးထားကြောင်း သမ္မတ ပင်ညဲရာ့က ရှင်းပြခဲ့ပါတယ်။

Atacama အက်တာကမာ သဲကန္တာရ ထဲမှာ ရှိတဲ့ လုပ်ငန်းခွင် သွားလာရေး အဓိက လှိုဏ်ခေါင်းပြိုကျသွားခဲ့ ပြီးတဲ့နောက် မြေအောက် မီတာ ရဝဝမှာ မိုင်းတွင်း လုပ်သားတွေ ပိတ်မိခဲ့တာ ဖြစ်ပါတယ်။

မိုင်းတွင်း အလုပ်သမားတွေကို ကယ်ထုတ်ဖို့ လအတော်ကြာ အချိန်ယူ ရလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။