ချီလီ မိုင်း သမားတွေနဲ့ ပထမဆုံး အဆက်အသွယ်ရ

  • 24 ဩဂုတ် 2010

ချီလီနိုင်ငံမှာ သီတင်း သုံးပတ် နီးပါးမြေအောက်မှာ ပိတ်မိနေတဲ့ မိုင်းတူးသမား (၃၃) ယောက်က ကယ်ဆယ်ရေး သမားတွေကို စကား ပြောနိုင်ခဲ့ ပါတယ်။

Image caption သတ္တုတွင်း ဝန်ကြီး ကိုယ်တိုင် မြေအောက် ပိတ်မိ နေသူတွေကို စကား ပြော

တနင်္ဂနွေနေ့ က မြေအောက် မိုင်းတွင်း ထဲမှာ ပိတ်မိ နေ သူတွေ အသက် ရှင် နေတုန်းပဲ ဆိုတာ သိခဲ့ ရ ပြီး နောက် ဒီကနေ့ ပထမဆုံး အကြိမ် စကားပြောခွင့် ရ တဲ့ အခါမှာ မိုင်းတူးသမား ၃၃ ယောက် စလုံး ဝမ်းဗိုက် အနည်းငယ် နာတာက လွှဲရင် ကျန်းကျန်းမာမာ ရှိတယ်လို့ သူတို့နဲ့ စကားပြောလိုက်ရတဲ့ ချီလီ သတ္တုတွင်း ဝန်ကြီး Laurence Golborne ကပြောပါတယ်။

(၄၈)နာရီ မှာ တကြိမ် လ္ဘက်ရည် နှစ် ဇွန်းစာ tuna ငါးသေတ္တာ၊ အာစွပ်ယုံ နွားနို့ နဲ့ ဘီစကွတ် မုန့် တခြမ်း စားပြီး အသက်ဆက် နေရတယ် လို့ သူတို့က ပြောပြပါတယ်။

သူတို့ ပိတ်မိ နေတဲ့ နေရာ ထဲ (၁၅) စင်တာမီတာ အကျယ် တွင်းတူးပြီး သူတို့ နဲ့ အခုလို ဆက်သွယ် နိုင်ခဲ့ ပေမဲ့ တွင်းတူး သမား တွေ ကို ဘေးကင်းရာ နေရာဆီ ကယ်တင် ဖို့ ကတော့ အတော်လေး ကြိုးစားရ ပါဦးမယ်။

လူတစ်ကိုယ်စာ ကျယ်တဲ့ တွင်းကြီး တူးဖို့ ချီလီ အလည်ပိုင်း က နိုင်ငံ ပိုင် ကြေးနီ ကုမ္ပဏီ ကနေ ကူညီတဲ့ မြေတူး စက် ကြီး ကလည်း ချီလီအလံ တလူလူလွှင့် ပြီး တွင်းတူး သမား တွေ ပိတ်မိ နေတဲ့ နေရာ ဆီ လာနေ ပါတယ်။

အဲဒီ စက်ကြီးက လူတကိုယ်စာ လွတ်လွတ် ကျွတ်ကျွတ် ထွက်နိုင်တဲ့ ကျင်း တူးနိုင် ပေမဲ့ တစ်နေ့ကို အနက် မီတာ ၂၀ အထိ သာ တူးနိုင် ပါ တယ်။ တွင်း တူးသမားတွေ ဆီ ရောက်ဖို့ ဆို ရင် အနည်းဆုံး (၃၅) ရက် အချိန်ယူရမှာပါ။

အခု တူးထားတဲ့ တွင်း ကျဉ်းကလေး နေရာကနေ တူးမယ် ဆိုရင် ဖြစ်နိုင်ပေမဲ့ မြေအောက် မြေသားနဲ့ ကျောက် ဆိုင် တျောက်တုံး တွေကို ဖယ်ရှာ တူးဆွ ရ မှာ ဖြစ်လို့ အထူး သတိထား တူးဖော်ရ မှာ ဖြစ်တယ်လို့ ကျွမ်းကျင်သူ တွေက ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တွင်းတူးသမား တွေကို ကယ်ထုတ်နိုင်ဖို့ နောက်ထပ် သုံး၊ လေး လအထိ ကြာကောင်းကြာနိုင်တယ် လို့ ဆန်ဟိုဆေး မိုင်း ကယ်ဆယ်ရေး လုပ်သားတွေ က သတိပေး ပြောဆိုနေပါတယ်။