ဟူတူလူမျိုးတွေ လူမျိုးတုန်း သတ်ဖြတ်ခံရတာ ဖြစ်နိုင်လို့ UN ပြော

  • 27 ဩဂုတ် 2010
Image caption Hutu လူမျိုးတွေ အမျိုးတုန်း သတ်ဖြတ်ခံရ

ကာလရှည်ကြာ ဖြစ်ပွားခဲ့တဲ့ ကွန်ဂိုစစ်ပွဲ အတွင်း ရဝမ်ဒါ ဟူတူ ဒုက္ခသည်တွေနဲ့ ကွန်ဂို ဟူတူ တွေဟာ လူမျိုးတုန်း သတ်ဖြတ်မှုတွေ ကျူးလွန် ခံခဲ့ရတာ ဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂက စုံစမ်းစစ်ဆေး တွေ့ရှိခဲ့ပါတယ်။

၁၉၉၃ ကနေ ၂ဝဝ၃ ခုနှစ်ထိ အကျုံးဝင်တဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေ ပြုစုထားတဲ့ အစီရင်ခံစာ မူကြမ်းအရ ရဝမ်ဒါ စစ်တပ်နဲ့ သူတို့ထောက်ခံတဲ့ ကွန်ဂို သူပုန်တွေက ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

တချို့နေရာတွေမှာ စစ်ဆေးရေး ဂိတ်တွေက တဆင့် ဟူတူလူမျိုးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိတာနဲ့ အပျောက်ရှင်းပစ်တယ်လို့ သိရပါတယ်။

ဒီ ကုလသမဂ္ဂ အစီရင်ခံစာကို ဘာအဓိပ္ပါယ်မှ မရှိတဲ့ အစီရင်ခံစာ ၊ သူတို့ စစ်တပ်က ဒီလို သတ်ဖြတ်မှုတွေ ဘယ်တော့မှ မလုပ်ဘူးလို့ ရဝမ်ဒါ အစိုးရက ပြောပါတယ်။