Katrina Hurricane တိုက်ခဲ့တာ ငါးနှစ်ကြာခဲ့ပြီ

  • 30 ဩဂုတ် 2010
Image caption Katrina Hurricane ဒဏ်ခံခဲ့ရတဲ့ New Orleans

အမေရိကန် ပြည်ထောင်စု နယူးအော်လင်းစ်မြို့မှာ လူ ၁၈ဝဝ သေဆုံးခဲ့ရတဲ့ ကတ်ထရီနာ ဟာရီကိန်း လေမုန်တိုင်း တိုက်ခတ်ခဲ့တာ ငါးနှစ်အတိ ရှိခဲ့ပါပြီ။

ဒေသခံ ပြည်သူတွေရဲ့ ကြံကြံခံနိုင်မှုကို သမ္မတ အိုဘားမားက ချီးကျူးစကား ပြောကြားခဲ့ပါတယ်။

အဲဒီမြို့မှာရှိတဲ့ လူအများအပြားဟာ အလုပ်လက်မဲ့ ဖြစ်နေကြပြီး လူဦးရေရဲ့ လေးပုံတပုံဟာ အခုထိ နေရပ်ကို မပြန်နိုင်ကြသေးဘူးလို့ သိရပါတယ်။

ဟာရီကိန်း မုန်တိုင်းဟာ သဘာဝ ဘေးအန္တရာယ် ဖြစ်ပြီး စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ သူ့အရင်က အုပ်ချုပ်ခဲ့တဲ့ အစိုးရကြောင့် အခြေအနေကို ပိုဆိုးရွားစေခဲ့တယ်လို့ မစ္စတာ အိုဘားမားက ဆိုပါတယ်။

ဒီမုန်တိုင်း ဘေးအန္တရာယ် ခံရသူတွေကို အရင် သမ္မတ ဂျော့ချ်ဘွတ်ရှ်က အလျင်အမြန် တုန့်ပြန် မဖြေရှင်းပေးခဲ့တဲ့အတွက် ဆိုးဆိုးရွားရွား ဝေဖန် ခံခဲ့ရပါတယ်။