အီရတ်က အမေရိကန်တပ်တွေ အပြီးသတ်ဆုတ်ခွာ

  • 31 ဩဂုတ် 2010

အီရတ်နိုင်ငံမှာ ရှိနေတဲ့ အမေရိကန်တိုက်ခိုက်ရေး တပ်ဖွဲ့ တွေဟာ တရားဝင်ဆုတ်ခွာရမယ့်အချိန်ကျရောက်လာပါပြီ။

Image caption အီရတ်တပ်တွေ ဆုတ်ခွာဖို့ ပြင်ဆင်။

အီရတ်ဝန်ကြီးချုပ် နော်ရီအယ်လ် မာလိကီ က အမေရိကန်တပ်ဖွဲ့တွေမရှိရင် အီရတ်နိုင်ငံရှင်သန်ရပ်တည်ဖို့မဖြစ်နိုင်ဘူးလို့ ပြောတဲ့သူကို နိုင်ငံတော်ရဲ့ ရန်သူအဖြစ်သတ်မှတ်သွားမယ်လို့ ပြောလိုက်ပါတယ်။

ရုပ်မြင်သံကြားမိန့်ခွန်းတခုမှာ ဝန်ကြီးချုပ်အယ်လ်မလိကီက အီရတ်နိုင်ငံဟာ အချုပ်အခြာအာဏာနဲ့ လွတ်လပ်ရေးပြန်လည် ရရှိခဲ့ ပြီလို့ ပြောခဲ့ပါတယ်။

အီရတ်တပ်ဖွဲ့တွေနဲ့ ရဲအဖွဲ့ဟာ တိုင်းပြည်လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်နိုင်တယ်လို့ မစ္စတာမာလိကီက ခုခံပြောဆိုနေတာလည်း ဖြစ်ပါတယ်။

တိုက်ခိုက်ရေးတပ်ဖွဲ့တွေရုပ်သိမ်းသွားပေမယ့် အကြံပေးနဲ့ အထောက်အကူပေးရေးအခန်းကဏ္ဍတွေမှာ ပါဝင်ဆောင်ရွက်ဖို့အတွက် အမေရိကန်တပ်ဖွဲ့ ငါးသောင်းဆက်လက်ရှိနေဦးမယ်လို့ဆိုပါတယ်။

သူတို့အားလုံးကို နောက်နှစ်မှာ ရုပ်သိမ်းပေးသွားမယ်လို့ အမေရိကန်ဘက်က သဘောတူညီထားပြီး ဖြစ် ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ အီရတ်ကို ဆက်လက်ထောက်ခံနေဦးမယ်ဆိုတာကို ပြသအာမခံဖို့အတွက် အမေရိကန် ဒုသမ္မတ ဂျိုးဘိုင်ဒင် အီရတ်ကို ရောက်ရှိနေပါတယ်။