အကြမ်းဖက်မှုတွေကြောင့် ငြိမ်းချမ်းရေး ထိခိုက်မလား

  • 1 စက်တင်ဘာ 2010

အင်္ဂါနေ့ တုန်းက ဂါဇာမြစ် အနောက်ဘက်ကမ်းမှာ ဂျူး အခြေချ နေထိုင်သူ လေးယောက် ကို ဟားမား အဖွဲ့ရဲ့ လက်နက်ကိုင် တပ်ခွဲက ပစ်သတ် ခဲ့ပြီးနောက် ပါလက်စတိုင်း အာဏာပိုင်တွေက သူတို့ရဲ့ ပြိင်ဘက် ဟားမား အဖွဲ့ အပေါ် အကြီးမားဆုံး လုံခြုံရေးရာ စစ်ဆင်ရေးကြီး တစ်ရပ်ကို စတင် ဆောင်ရွက် လိုက်ပါတယ်။

Image caption သေဆုံးသွားသူ တွေရဲ့ စျာပနကို လူအများ တက်ရောက်

ဒီတိုက်ခိုက်မှုဟာ အချိန် အတန်ကြာ မျှော်လင့် ခဲ့ကြတဲ့ အမေရိကန်၊ အစ္စရေးနဲ့ ပါလက် စတိုင်း တို့ မျက်နှာချင်း ဆိုင် တွေ့ဆုံ ဆွေးနွေးမှု တွေ မစခင် တစ်ရက် အလို မှာ ဖြစ်ခဲ့တာပါ။

အစ္စရေး နိုင်ငံက ဂါဇာမြစ် အနောက်ဘက်ကမ်း ဒေသတချို့ အတွင်း သွားလာမှုတွေ ကန့်သတ် ထားလိုက် ပြီး ဒီတိုက်ခိုက်မှုကို တုံ့ပြန် ပါတယ်။

သေဆုံးသူ ဂျူး အခြေချ နေထိုင်သူတွေ အတွက် စျာပန တက်ရောက်ကြတဲ့ ရာနဲ့ချီသူတွေ ကတော့ လက်တုံ့ပြန်ဖို့ တောင်းဆိုခဲ့ကြ ပါတယ်။

အစ္စရေး အခြေချ နေထိုင်သူ တစ်ယောက် က ဒီ အခြေ အနေမှာ ငြိမ်းချမ်းရေး ဆွေးနွေးမှု တွေလုပ်လည်း ဘာမှ ထူးခြားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အစ္စရေး ဝန်ကြီးချုပ် မစ္စတာ နက်တန်ညာဟု ဘယ်လိုပဲ ကြိုးစား ကြိုးစား အစ္စရေးတို့ အခြေချ နေထိုင်တဲ့ မြေ၊ အစ္စရေး ဝန်းကျင် အားလုံးမှာ ဖြစ်ပျက် နေတာ တွေကို ပြောင်းလဲသွားစေမှာ မဟုတ် ဘူးလို့ သူတို့က ပြောကြပါတယ်။

အစ္စရေး ကာကွယ်ရေး ဝန်ကြီး အေဟွတ် ဘာရက် ကတော့ အစ္စရေး တို့ကို ထိန်းထိန်း သိမ်းသိမ်း ရှိကြဖို့ တိုက်တွန်းထားပါတယ်။

အမေရိကန်ကို ရောက်နေတဲ့ အစ္စရေးနဲ့ပါလက်စတိုင်း ခေါင်းဆောင်တွေက အခု အကြမ်း ဖက်မှု တွေကြောင့် သူတို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေကို လမ်းချော် သွားစေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။