အစ္စရေး ပါလက်စတိုင်း တိုက်ရိုက် ဆွေးနွေးကြပြီ

  • 3 စက်တင်ဘာ 2010
Image caption အရှေ့အလယ်ပိုင်း ဆိုင်ရာ အမေရိကန် အထူးသံတမန် George Mitchell

အစ္စရေးနဲ့ ပါလက်စတိုင်းဟာ နှစ်နှစ်အတွင်း ပထမဆုံး တိုက်ရိုက် ဆွေးနွေးပွဲတွေ အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့မှာ ကျင်းပ နေကြပါတယ်။

လက်ရှိ အခြေအနေမှာ ဆွေးနွေးပွဲဟာ အပြုသဘောဘက်ကို ဦးတည် နေတယ် ၊ လာမယ့် သီတင်းနှစ်ပတ်အတွင်း ဒေသထဲမှာ နှစ်ဘက် ထပ်ပြီး တွေဆုံဆွေးနွေးကာ သဘောတူညီမှု အခြေခံ မူကြမ်း ချနိုင်ကြဖို့ လုပ်ဆောင် ကြလိမ့်မယ် လို့ အရှေ့ အလယ်ပိုင်းအတွက် အမေရိကန် အထူးသံတမန် George Mitchell က ပြောပါတယ်။

အစ္စရေး ပါလက်စတိုင်း ပဋိပက္ခဟာ ဖြေရှင်းနိုင်လိမ့်မယ် ၊ ညှိနှိုင်းမှုတွေ ကနေ နောက်ဆုံး သဘော တူညီချက်တွေ ရပြီး အဲဒီကနေ ပါလက်စတိုင်း နိုင်ငံထူထောင်ကာ နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ရဖို့ ကျွန်တော် ကိုယ်တိုင် ပြင်းပြင်းထန်ထန် လေးလေးနက်နက် ယုံကြည်ပါတယ်လို့ အရှေ့ အလယ်ပိုင်းဆိုင်ရာ အမေရိကန်ရဲ့ အထူးသံတမန် ဂျော့ချ် မိချဲလ်က ဆိုပါတယ်။

ဂါဇာ အနောက်ဘက်ကမ်းမှာ အစ္စရေး အခြေချစခန်းတွေ ဆက်ဆောက်မယ် ဆိုရင် ဆွေးနွေးပွဲ ရပ်ပစ်မယ်လို့ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu ကို သမ္မတ Mahmoud Abbas က သတိပေးခဲ့ကြောင်း ပါလက်စတိုင်း အရာရှိက ပြောပါတယ်။

အစ္စရေးကို ပူးပေါင်း ဆန့်ကျင် တိုက်ခိုက်ဖို့ စစ်သွေးကြွ အုပ်စု ၁၃ဖွဲ့က သဘောတူခဲ့ ကြတယ်လို့ ပါလက်စတိုင်း လှုပ်ရှားမှု Hamas အဖွဲ့ကလည်း ကြေညာခဲ့ပါတယ်။