စပိန် ခွဲထွက်ရေးသူပုန်တွေ အပစ်ရပ်ရေး ကြေညာ

  • 5 စက်တင်ဘာ 2010
Image caption ငြိမ်းချမ်းတဲ့နည်းတွေနဲ့သာ ရည်မှန်းချက်တွေ ကို ရရှိအောင်လုပ်ချင်တယ်လို့ ဆိုပါတယ်

စပိန်ကနေ လွတ်လပ်ရေး ရဖို့အတွက် အကြမ်းဖက်တိုက်ခိုက်နေတဲ့ ဘတ်စ် ခွဲထွက်ရေးအဖွဲ့ အက်တာက သူတို့ဘက် ကနေ အပစ်အခတ် ရဲစဲလိုက်ပြီလို့ ကြေညာသွားပါတယ်။

သူတို့အဖွဲ့အနေနဲ့ လက်နက်ကိုင် တိုက်ခိုက်မှု တွေကို နောက်ထပ်ဘယ်တော့မှာ မလုပ်တော့ ဘူးဆိုတာကို လွန်ခဲ့တဲ့ ၇ လ ကတည်းက ဆုံးဖြတ်ခဲ့ကြောင်း ဘီဘီစီကိုပေးပို့ခဲ့တဲ့ ဗီဒီယိုထဲမှာ ပြောကြားထားပါတယ်။

သူတို့ဟာ ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့သာ၊ လိုချင်တဲ့ ရည်မှန်းချက်တွေကို ရရှိအောင် လုပ်ချင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လို့ ရာသက်ပန် အပစ်ရပ်မယ်ဆိုတာ ဟုတ်မဟုတ်ဆိုတာကတော့ ရှင်းရှင်း လင်းလင်းမသိရသေးပါဘူး။

သူတို့ဟာ အရင်ကလည်း အခုလို အပစ်ရပ်မယ်ဆိုပြီး နှစ်ကြိမ် ကြေညာခဲ့ဖူးပြီး၊ ၂ ခါစလုံး ပြန်ဖျက်ခဲ့ပါတယ်။

အက်တာအဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နှစ်ပေါင်း ၄၀ အတွင်း လူပေါင်း ၈၂၀ ကျော်သေဆုံးခဲ့ရပါတယ်။

အက်တာအဖွဲ့ဟာ သူတို့ရဲ့ ခေါင်းဆောင်ပိုင်း တချို့ အဖမ်းခံခဲ့ရတာတွေ၊ ဘတ်စ်နိုင်ငံရေး ပါတီတွေက ငြိမ်းချမ်းရေးလုပ်ဖို့ တောင်းဆို တာတွေ စသည်ဖြင့် ဖိအား ပေး ခံနေရတာ ဖြစ်ပါတယ်။

စပိန်အစိုးရကတော့ ဒီကိစ္စအပေါ် ဘာမှတုံ့ပြန် ခြင်းမရှိသေးပါဘူး။ အက်တာအဖွဲ့အနေနဲ့ အကြမ်းဖက်မှုတွေရပ်ပြီး လက်နက်စွန့်မှသာ စေ့စပ်မယ်လို့ အရင်က ပြောထားတာရှိပါ တယ်။