ဘဏ်လုပ်ငန်းဆိုင်ရာ ပြုပြင်ပြောင်းလဲဖို့ သဘောတူ

  • 13 စက်တင်ဘာ 2010
Image caption Basel Bank

ကမ္ဘာ့ဘဏ် လုပ်ငန်းရှင်တွေနဲ့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်း ကြီးကြပ်သူ တွေဟာ ၂ဝဝ၈ ခုနှစ်တုန်းက စီးပွားရေး ပျက်ကပ်မျိုး ထပ်မကြုံရအောင် ဘဏ်စည်းမျဉ်း လုပ်ထုံး လုပ်နည်းတွေ ပြုပြင်ပြောင်းလဲမယ့် အစီအစဉ်ကို သဘောတူခဲ့ ကြပါတယ်။

ဆွဇ်ဇာလန် Basel မြို့က အစည်းအဝေးက ချမှတ်ခဲ့တဲ့ အကြောင်းအရာ တွေထဲက အရေးပါဆုံး အချက်ကတော့ ဘဏ်နဲ့ ငွေကြေး လုပ်ငန်းတွေမှာ အရင်းအနှီး များများနဲ့ တောင့်တောင့်တင်းတင်း ရှိဖို့ဘဲ ဖြစ်ပါတယ်။

ဒါမှသာ အနာဂတ်မှာ ဘဏ်နဲ့ ငွေကြေးစနစ် မယိမ်းယိုင်ဘဲ ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။

ဒီစည်းမျဉ်းသစ် တွေကို လာမယ့် ရှစ်နှစ်အတွင်း အဆင့်လိုက် အကောင်အထည် ဖော်သွားမယ်လို့ သိရပါတယ်။

ဒီပြုပြင် ပြောင်းလဲမှုတွေဟာ သမိုင်းမှာ မှတ်တမ်းတင်လောက်အောင် အရေးပါသလို စီးပွားပျက်ကပ် ဖြစ်ပြီး နောက်ပိုင်း ကမ္ဘာတလွှားက ဘဏ်စနစ် ခိုင်မာအောင် လုပ်ဆောင်မှုတွေ ထဲမှာ လေးနက်တဲ့ အချက် တရပ်ဘဲလို့ ဘီဘီစီ စီးပွားရေး ဆိုင်ရာ သတင်းထောက်က ပြောပါတယ်။