ကက်ရှ်မီးယား အရေး အိန္ဒိယဆွေးနွေး

  • 15 စက်တင်ဘာ 2010
_kashmir
Image caption ကက်ရှ်မီးယား ဆန္ဒပြပွဲ

အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက အိန္ဒိယ အုပ်ချုပ်မ ှုလက်အောက်က ကက်ရှ်မီးယားဒေသမှာ အကြမ်းဖက် ဆန္ဒပြမှု တွေရှောင်ကြဉ် ကြဖို့ ပန်ကြားလိုက်ပါတယ်။

သူ့အနေနဲ့ လူငယ်တွေ၊ အမျိုးသမီးတွေ နဲ့ ကလေးတွေ ပါ အိန္ဒိယ အုပ်ချုပ်မှု ကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ အတွက် အံ့သြ တုံလှုပ် သလို စိတ်မကောင်းလဲ ဖြစ်မိတဲ့ အကြောင်း ပြောပါတယ်။

တချို့ ဆန္ဒပြသူ တွေဟာ အုပ်စု တချို့ရဲ့ အသုံးချတာ ခံရပေမဲ့ သုံးလကြာ ဆန္ဒပြမှု အပေါ် မှာ တော့ ဆွေးနွေး စရာ ဖြစ်နေ ပါပြီ လို့ကက်ရှ် မီးယား ပြဿနာ နဲ့ ပတ်သက်ပြီး အဓိက နိုင်ငံရေး ပါတီတွေနဲ့ တွေ့ဆုံ ရာမှာ ဆွေးနွေး ကြဖို့ မစ္စတာ ဆင်းက အခုလို တင်ပြခဲ့တါပါ။

လတ်တလော အရေးယူ ဆောင်ရွက်မှု အနေနဲ့တော့ ကက်ရှ်မီးယား မှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့ တွေကို အာဏာအပြည့်အဝ ပေးထားတဲ့ ဥပဒေကိုတော့ ဖယ်ရှား လိုက်ပါပြီ။

အခု နောက်ဆုံးဖြစ်ပွားတဲ့ ထိပ်တိုက်ရင်ဆိုင်မှု မှာတော့ ရဲဘက်ကနေ ဆန္ဒပြပွဲ မှာ ပါဝင်သူ နှစ်ဦးကို ပစ်သတ်ခဲ့ပါတယ်။