ဗြိတိန်အပေါ် ဘုန်းတော်ကြီး Walter Kapser ဝေဖန်

  • 16 စက်တင်ဘာ 2010
Image caption ဘုန်းတော်ကြီး Walter Kasper

ဗြိတိန်ကို ဒီနေ့ ကြာသပတေးနေ့မှာ ရောက်လာမယ့် ပုပ်ရဟန်း မင်းကြီးရဲ့ သမိုင်းဝင် ခရီးစဉ်အတွင်းမှာ သူရဲ့ ထိပ်တန်း အကြံပေး ဘုန်းတော်ကြီးက နေမကောင်းတဲ့ အတွက် သူလိုက်ပါနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

လန်ဒန် ဟီးသရိုးလေဆိပ်ကို ဆိုက်တာနဲ့ တတိယ ကမ္ဘာနိုင်ငံ တခုကို ရောက်သွားသလို တခါတခါ ခံစားရတယ်လို့ မေးမြန်းခန်းတခုမှာ အဲဒီ ဘုန်းတော်ကြီး Walter Kasper က ပြောခဲ့ပြီးတဲ့နောက် အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဗြိတိန်ဟာ ရန်လိုပြီး အယူဝါဒမဲ့ ခေတ်သစ် နိုင်ငံအဖြစ် သတ်မှတ်ခံနေရတယ်လို့လည်း ဆိုပါတယ်။

ဘုန်းတော်ကြီးဟာ နားလည်မှု လွှဲခံနေရတာဖြစ်ပြီး အဲဒီပြောဆိုချက်ဟာ အပြုသဘော မဆောင်တဲ့ဖက်ကို ရည်ရွယ်တာ မဟုတ်ပါဘူးလို့ ပုပ်ရဟန်း မင်းကြီးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြန်ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် ပုပ်ရဟန်း မင်းကြီးက ဗြိတိန်ကို လာရောက်ဖို့ ဖိတ်ကြားခံ ရတဲ့အတွက် အလွန်ဝမ်းသာကြောင်း သူက ထပ်လောင်းပြောကြားခဲ့ ပါတယ်။