အာဖဂန်ရွေးကောက်ပွဲ ပြီးဆုံး

  • 18 စက်တင်ဘာ 2010
Image caption မဲရုံ ၉၀ ရာခိုင်နှုန်းကျော်လောက် ဖွင့်နိုင်ခဲ့ တယ်လို့ ရွေးကောက်ပွဲအရာရှိတွေကပြောသည်

အာဖဂန်နစ္စတန်မှာ ဒီကနေ့ကျင်းပတဲ့ ပါလီမန်ရွေးကောက်ပွဲတွေ ပြီးဆုံးပြီး၊ မဲရုံတွေ အားလုံးလည်း ပိတ်သွားပြီ ဖြစ်ပါတယ်။

ဒီကနေ့ မဲပေးပွဲမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ အတော်များများ ရှိခဲ့ကာ အနည်းဆုံး လူပေါင်း ၁၄ ဦး သေဆုံးသွားခဲ့ရပါတယ်။

မဲရုံပေါင်း ၆ ထောင်နီးပါးရှိတဲ့အနက် ၉၀ ရာခိုင်နှုန်းကျော်လောက် ဖွင့်နိုင်ခဲ့တယ်လို့ ရွေးကောက်ပွဲအရာရှိတွေက ပြောပါတယ်။

''ကျွန်တော်တို့ရရှိတဲ့ သတင်းအချက်အလက်တွေအရ မဲရုံ ၉၀ ကျော်ဖွင့်ခဲ့တယ်။ မဲတွေလည်း ပေးနေကြပြီ၊ ဒါပေမယ့်ကျန်ရှိတဲ့ ၈ ရာခိုင်နှုန်းလောက်ရှိမယ့် မဲရုံတွေ အခြေအနေတော့ မသိရသေးပါဘူး'' လို့ လွပ်လပ်တဲ့ အာဖဂန်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဖာဇဲလ်အာမတ် မနာဝီက စောစောပိုင်းက ပြောပြသွားခဲ့တာဖြစ်ပါတယ်။

မဲပေးသူ ဘယ်သူ့ကိုမဆို တိုက်ခိုက်မှုတွေလုပ်မယ်ဆိုတဲ့ တာလီဘန်တွေကတော့ သူတို့ အနေနဲ့ အနည်းဆုံး မဲရုံ ၁၅၀ ကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

တချို့နယ်မြေတွေ အထူးသဖြင့်တော့ တောင်ပိုင်းဒေသတွေမှာ မဲပေးသူနည်းတယ်လို့ ကာဘူးက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မဲမသာမှုတွေရှိခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။

မဲရလဒ်တွေကိုတော့ အစောဆုံးအနေနဲ့ အောက်တိုဘာလ နောက်ဆုံးပတ်ကျော်လောက် မှ သိရမှာ ဖြစ်ပါတယ်။