ထောင်စုနှစ် ဆင်းရဲကျပ်တီးမှု ပပျောက်ရေး

  • 21 စက်တင်ဘာ 2010
ban ki moon
Image caption ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ကမ္ဘာ့ ခေါင်းဆောင်တွေ အနေနဲ့ စီးပွားရေး အခြေအနေ ကျဆင်းနေတာကို အခွင့်ကောင်း ယူပြီး ကမ္ဘာ့ ဆင်းရဲ ကျပ်တီးမှု ပပျောက်ရေး ဦးတည် ရည်မှန်းချက်ကို လက်မလွှတ်ပစ် ကြဖို့ သတိပေး လိုက်ပါတယ်။

အထူးသဖြင့် ဆင်းရဲနွမ်းပါး သူတွေကို မျက်နှာလွှဲပြီး နိုင်ငံတော် ဘတ်ဂျက် ကို ချိန်ဆ မသုံးစွဲသင့်ဘူး၊ တရားဝင် ဖွံ့ဖြိုးမှုဆိုင်ရာ လိုအပ်တဲ့ ထောက်ပံ့မှု ပေးရေး ကို မရုပ်သိမ်းသင့်ဘူး လို့ ဘန်ကီမွန်း က ပြောတာပါ။

ပြင်သစ် သမ္မတ နီကိုလပ်စ် ဆာကိုဇီ ကလဲ ကမ္ဘာ့ ငွေကြေး လွှဲပြောင်းပေးမှု အပိုင်းမှာ အခွန်ကောက်ခြင်းအားဖြင့် ရံပုံငွေ ရှာရာမှာ အထောက်အကူ ပြုနိုင်တယ် လို့ ပြောပါတယ်။

ငတ်မွတ်ခေါင်းပါးမှု၊ ဆင်းရဲနွမ်းပါးမှု အပိုင်းကို ထက်ဝက်ခန့် တိုက်ဖျက်နိုင်ပေမဲ့ ကလေးသေဆုံးမှုနှုန်း လျော့ကျအောင် မလုပ်နိုင်သေးကြောင်း သတင်းထောက် တွေက ပြောပါတယ်။

အခုလို ထောင်စုနှစ် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အစီအစဉ် ဖန်တီးရေး မှာ အဓိကအခန်း ကဏ္ဍ က ပါဝင်ခဲ့တဲ့ စီးပွားရေး ပညာရှင် Jeffrey Sachs က ချမ်းသာတဲ့ နိုင်ငံတွေဟာ နိုင်ငံပိုင်ငွေ တွေကို ကုဋေနဲ့ ချီပြီး ငြိမ်းချမ်းရေး ကိစ္စရပ် တွေမှာ သုံးစွဲ ရမဲ့အစား စစ်ပွဲ တွေအတွက် အကုန်ခံကြလို့ ဦးတည်ချက်ကို ရောက် အောင် မလုပ်ကြဘူး လို့ ပြောသွားပါတယ်။

ဉပမာ ဆိုရင် အာဖရိက ဖွံ့ဖြိုးရေး စီမံကိန်း တွေ အတွက် ဒေါ်လာ ဘီလီယံ ၃၀ ရာထားပေမဲ့ တဝက်ပဲ ပေးထားတဲ့ အကြောင်း ပါမောက္ခ Sachs က ဘီဘီစီ ကိုပြောပါတယ်။