ဓနသဟာယ အားကစားပွဲအတွက် စိုးရိမ်မှုတွေ တိုးပွားနေ

  • 25 စက်တင်ဘာ 2010
Image caption ဒီအားကစားရွာကို အပြီးသတ်လုပ်ဆောင်ဖို့ အလုပ်တွေ အများကြီးထပ်လုပ်ရအုံးမှာ

အိန္ဒိယနိုင်ငံ ဒေလီမြို့က ဓနသဟာယ အားကစား ပွဲတော်ကျင်းပမယ့် နေရာမှာ အခြေအနေတွေ ကောင်းမွန်လာဖို့အတွက် လုပ်ငန်းတွေ အပြင်းအထန်လုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်လို့ အားကစားပြိုင်ပွဲ ဥက္ကဌ မိုက်ဖန်နဲလ်က ပြောကြားလိုက် ပါတယ်။

Image caption အားကစားရွာက အခန်းတွေ အခြေအနေကို ပြီးခဲ့တဲ့ ၂ ရက်က ဘီဘီစီကမှတ်တမ်းတင်

''တချို့အားကစားပွဲကျင်းပမယ့်နေရာတွေကို နောက်ဆုံးလက်စသတ်ဖို့ အတွက် လုပ်စရာတွေ အများကြီး ရှိနေသေးတယ်၊ သေချာတာ ကတော့ဗျာ ဒီအားကစားရွာကို အပြီးသတ် လုပ်ဆောင်ဖို့ အလုပ်တွေ အများကြီးထပ်လုပ် ရအုံးမှာ'' လို့ မစ္စတာဖန်နဲလ်က သတင်းထောက် တွေကို ပြောပြသွားပါတယ်။

အဲဒီအားကစားရွာမှာ လာရောက်တည်ခိုကြမယ့် သူတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး စိုးရိမ် စရာတွေ ရှိနေတယ်လို့ သူကပြောပါတယ်။

Image caption ဒေလီမြို့သန့်ရှင်းရေးအတွက် နောက်ထပ် သန့်ရှင်းရေးသမားတွေကို ထပ်ခေါ်ထား

အဆောက်အဦးတွေကို ဖြစ်သလိုတည်ဆောက် ထားပြီး၊ နေရာထိုင်ခင်းဟာလည်း ညစ်ပတ် နေတယ် ဆိုတဲ့ ဝေဖန်ရှုတ်ချမှုတွေ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက်ပိုင်း ဆောက် လုပ်ရေး သမားတွေနဲ့ သန့်ရှင်းရေးသမားတွေ ကို နောက်ထပ် အပို ထပ်ခေါ်ထားပါတယ်။

အဓိကအားကစားရုံရဲ့ အပြင်ဖက်မှာ ဒီအပတ် စောစောပိုင်းက ပြိုကျသွားတဲ့ လူကူးတံတား တခုအတွက် စစ်တပ်ကနေ ယာယီတံတား တခုကို ဆောက်ပေးမှာ ဖြစ်ပါတယ်။