အမေရိကန်ခရီးသွားတွေ သတိထားကြဖို့လို

  • 3 အောက်တိုဘာ 2010

taj_attacked
Image caption မွန်ဘိုင်းမြို့တိုက်ခိုက်ခံရစဉ်က

ဥရောပတိုက်ကို သွားကြတဲ့ အမေရိကန် ကမ္ဘာလှည့် ခရီးသွားတွေကို သတိရှိကြဖို့အတွက် အမေရိကန် အစိုးရက သတိပေး နှိုးဆော်ချက်သစ်တခု ထုတ်ပြန်လိုက်ပါတယ်။

အယ်လ်ကာရီဒါတွေ က နောက်ထပ် အကြမ်းဖက်တိုက်ခိုက်မှုတခု လုပ်နိုင်တဲ့ အနေအထားတွေ ရှိနေတာကြောင့် အမေရိကန်တွေ ခရီးသွားရာမှာ နိုးနိုးကြားကြားနဲ့ သတိထားကြဖို့ ဆော်ဩထားတာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ မွန်ဘိုင်မြို့မှာ ၂၀၀၈ ခုနှစ်က တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုမျိုး ဥရောပတိုက်က မြို့ကြီးတွေမှာ ပြုလုပ်လာနိုင်တဲ့ အလားအလာတွေ ရှိနေတယ်လို့ လုံခြုံရေး အဖွဲ့အစည်း တွေက ဆိုပါတယ်။

ကမ္ဘာလှည့် ခရီးသွားတွေကို လူသူထူထပ်တဲ့ နေရာတွေကို ရှောင်ကြဖို့ သတိပေးထားတယ်လို့ သိရပါတယ်။