ရွေးကောက်ပွဲကို အမေရိကန် အောက်လွှတ်တော် ရှုတ်ချ

  • 2 အောက်တိုဘာ 2010
Image caption ရွေးကောက်ပွဲဟာ နအဖရဲ့ တရားမဝင် လုပ်ရပ်သာ ဖြစ်တယ်လို့ ဖေါ်ပြ

မြန်မာနိုင်ငံမှာ လာမယ့် နိုင်ဝင်ဘာ ၇ ရက် ကျင်းပမယ့် ရွေးကောက်ပွဲဟာ ဒီမိုကရေစီ နည်းမကျတဲ့ ရွေးကောက်ပွဲသာ ဖြစ်လာမှာ ဆိုပြီး မြန်မာစစ်အစိုးရကို ပြစ်တင်ရှုတ်ချ ထားတဲ့ ဆုံးဖြတ်ချက်တခုကို အမေရိကန် အောက်လွှတ်တော် အမတ်တွေပါတဲ့ အဖွဲ့ တဖွဲ့က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ချမှတ်ခဲ့ ပါတယ်။

စစ်အစိုးရပြုလုပ်မယ့် ရွေးကောက်ပွဲဟာ တဖက် သက် ဖြစ်နေပြီး၊ ဒါဟာ ဒီမိုကရေစီနည်းမကျတဲ့ နအဖရဲ့ တရားမဝင်လုပ်ရပ်သာ ဖြစ်တယ် လို့ အဲဒီဆုံးဖြတ်ချက်မှာ ဖေါ်ပြထားပါတယ်။

နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ အန်အဲလ်ဒီနဲ့ လူမျိုးစု တိုင်းရင်းသားတွေမပါပဲ ဘယ်အစိုးရကိုမှ တရားဝင်အစိုးရအဖြစ် စဉ်းစားမှာ မဟုတ်ဘူးလို့လည်း အခိုင်အမာ ပြောဆိုထားပါတယ်။

ဒီအဖွဲ့မှာ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက ဥက္ကဌ နဲ့ ထိပ်တန်းအမတ်တွေ ပါဝင်ပြီး စုစုပေါင်း အမတ် ဆယ်ဦးက ကမကထ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။