အင်ဒို သမ္မတ နယ်သာလန် ခရီးစဉ် ရွှေ့ဆိုင်းရ

  • 5 အောက်တိုဘာ 2010
Yudhoyono
Image caption နယ်သာလန် ခရီးစဉ် ဖျက်ရတဲ့ အင်ဒို သမ္မတ

အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘန်ဘန် ယူဒို ရိုနို ဟာ နယ်သာလန် နိုင်ငံ ကို သွားဖို့ အစီအစဉ် ပြုလုပ်ထားပေမယ့် သူ့ကို အဲဒီမှာ ဖမ်းဆီးပေးဖို့ ခြိမ်းခြောက် ကြိုးပမ်းမှု တွေ ရှိနေတဲ့ အတွက် ခရီးစဉ် ကို ရွှေ့ဆိုင်း လိုက် ပါတယ်။

တကယ်တမ်း စီစဉ်ထားတဲ့ အတိုင်းဆိုရင် သမ္မတ ဆူဆီလို ယူဒိုယိုနို ဟာ ၃ရက်ကြာ ခရီးစဉ်အဖြစ် နယ်သာလန် နိုင်ငံကို မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ ရောက်ရှိ လာမှာပါ။

အခုတော့ ဒီခရီးစဉ်ကို ရွှေ့ဆိုင်း လိုက်ပြီလို့ ဂျာကာတာ အစိုးရက နယ်သာလန် အစိုးရကို အကြောင်းကြား လိုက်ပါပြီ။

နိုင်ငံရဲ့ ဂုဏ်သိက္ခာ နဲ့ သူရဲ့ ဂုဏ်သိက္ခာ ထိပါး လာမယ့် ကိစ္စကို စိုးရိမ်တဲ့ အတွက် အခုလို ခရီးစဉ် ကိုရွှေ့ဆိုင်းတာ လို့ အင်ဒိုနီးရှား သမ္မတ က ပြောပါတယ်။

တောင်ပိုင်း မိုလပ်ကတ်စ ပြည်သူ့ သမ္မတ နိုင်ငံ RMS လို့ ခေါ်တဲ့ နယ်သာလန်မှာ အခြေစိုက် အဖွဲ့ တခု က အင်ဒိုနီးရှားမှာ လူ့အခွင့်အရေး ချိုးဖောက်မှု တွေ အတွက် တာဝန်ရှိသူ မစ္စတာ ယူဒိုရိုနို က ဖမ်းဆီးပြီး တရားစီရင် ပေးဖို့ နယ်သာလန် က တရားရုံးတခု ကို ဦးတည် လျှောက်ထား ခဲ့ ပါတယ်။

အခုလို တင်ထားတဲ့ အမှု ကို တရားရုံး က မစ္စတာ ယူဒိုရိုနို နယ်သာလင် ကို လာရောက် နေစဉ် အချိန် မှာ ကြားနာ စစ်ဆေးမယ် လို့ စီစဉ် ထားကြ ပါတယ်။

သမ္မတ ယူဒို ရိုနို ကတော့ အခုလို လုပ်ဆောင်မှု တွေဟာ ၂ နိုင်ငံ ဆက်ဆံရေး ကို ထိခိုက် စေလိမ့်မယ် လို့ တုန့်ပြန် ပါတယ်။

RMS အဖွဲ့ကတော့ သမ္မတ ယိုဒိုယိုနို အခုလို ခရီးစဉ် ဖျက်သိမ်း လိုက်တာဟာ သူတို့အတွက် အောင်ပွဲတရပ် လို့ ပြောနေပြီး ရုံးတင် စစ်ဆေးမှု ကို အခုအခါ ရှေ့တိုး လုပ် တော့ မှာ မဟုတ်ဘူး လို့ ပြော ပါတယ်။