အကြမ်းဖက် တိုက်ခိုက်မှု ကြိုတင်ကာကွယ်

  • 6 အောက်တိုဘာ 2010
_drone_attack
Image caption မောင်းသူမဲ့ လေယာဉ်

ပြီးခဲ့တဲ့ တနင်္လာနေ့က အမေရိကန်ရဲ့ မောင်းသူမဲ့ လေယာဉ် နဲ့ ပါကစ္စတန် မှာ တိုက်ခိုက်မှု ဟာ အယ်လ်ကိုင်ဒါ တွေရဲ့ ဥရောပ ပစ်မှတ်တွေ တိုက်ခိုက်ရေး အစီအစဉ် ကို ပျက်ပြားအောင် လုပ်တါ လို့ အစိုးရ အရာရှိ တွေက ဆက်စပ် တွေးမှု တွေ များလာပါတယ်။

အမေရိကန်နိုင်ငံ ဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီး က ဒီဆက်စပ်မှု ကို အတည်ပြုတဲ့ အပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန ကလဲ အနောက်အုပ်စု ရင်ဆိုင်နေရတဲ့ ချိန်းခြောက်မှု တွေကို တုံ့ပြန်တဲ့ တိုက်ခိုက်မှု နဲ့ ဆက်စပ်ပါတယ်လို့ ဘီဘီစီ ကို ပြောပါတယ်။ အမေရိကန် ရဲ့ တိုက်ခိုက်မှု အတွင်း စစ်သွေးကြွ ရှစ်ဦး သေဆုံးတဲ့ အနက် ဂျာမန် နိုင်ငံသား ငါးဦးပါဝင်ပါတယ်။

စောစောပိုင်း တုန်းက အာဖဂန် မှာ ဖမ်းမိတဲ့ ဂျာမန်တဦး ရဲ့ အစစ်ခံ ချက် အရ ဂျာမဏီနိုင်ငံ အခြေပြု စစ်သွေးကြွ အုပ်စု ဟာ ဥရောပ မှာ တိုက်ခိုက်ရေး အစီအစဉ် ရှိပုံ ကို အမေရိကန်တွေ ကို သတင်းပေး ကြောင်း လုံခြုံရေး သတင်းရပ်ကွက်က ပြောပါတယ်။

ပြင်သစ်ရဲ က လူပေါင်း ၁၂ ဦးကို အစ္စလမ်စစ်သွေးကြွ တွေနဲ့ ဆက်နွယ်မှု ရှိတယ် ဆိုတဲ့ မသင်္ကာမှုနဲ့ နိုင်ငံတောင်ပိုင်းမှာ ဖမ်းဆီးလိုက်ပါတယ်။ လူ ၉ဦးကို Marseille နဲ့ Avignon မြို့မှာ လက်နက်နဲ့ ဖေါက်ခွဲရေး ပစ္စည်းတွေ မှောင်ခို ရောင်းဝယ်တာတွေ မသင်္ကာမှု နဲ့ ဖမ်းလိုက်တါပါ။ လက်နက်ခဲယမ်းတွေ လဲ ဖမ်းဆီးမိပါတယ်။

သုံး ဦး ကိုတော့ အာဖ္ဖဂန် နီစတန် က ပြန်လာသူ ဂျီဟဒ် အသက် စွန့်မဲ့ သူတွေ အတွက် လိုအပ်တဲ့ စာရွက် စာတန်း အတုတွေ ထုတ်ပေးတဲ့ သူတွေနဲ့ အဆက်အသွယ် ရှိတဲ့ မသင်္ကာမှု နဲ့ ဖမ်းလိုက်တါပါ။

ဒီဖမ်းဆီးမှု တွေဟာ ဥရောပ ဘက်မှာ အကြမ်းဖက် ချိန်းခြောက်မှု တွေ ရှိနေတယ် ဆိုတဲ့ သတိပေးမှု နဲ့ ဆက်နွယ်မှု ရှိမရှိ ဆိုတာကိုတော့ ပြင်သစ်ရဲ က မပြောပါဘူး။