ကင်ဂျုံအန်ပထမဆုံးအကြိမ်လူရှေ့ထွက်လာ

  • 10 အောက်တိုဘာ 2010
kimjongun
Image caption ကင်ဂျုံအန်

မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအီးလ် ဟာ ပြုံးယမ်း မြို့တော်မှာ ကျင်းပတဲ့ ယဉ်ကျေးမှု ပွဲတော် ကို သားအငယ်ဆုံး ကင်ဂျုံအန် နဲ့အတူ တက်ရောက် ခဲ့ပါတယ်။

နှစ်စဉ် ကျင်းပတဲ့ ကိုရီးယား ရိုးရာ အာရီယန်းပွဲတော်မှာ သားအဖ နှစ်ယောက် အတူတက်လာခဲ့ပါတယ်။

သီးသန့် စင်မြင့်မှာ ထိုင်နေတဲ့ ကင်ဂျုံအီးလ်တို့ သားအဖကို စလိုက်မီးမောင်း ထိုးပြချိန်မှာ ပွဲတက် ပရိသတ်က စည်းဝါးကိုက်ထားသလို တပြိုင်နက် မတ်တပ်ရပ် လက်ခုပ်တီး ဂုဏ်ပြုကြပါတယ်။

ဒီပွဲတော်ကို တက်ရောက်ဖို့ ကမ္ဘာ့ သတင်း မီဒီယာ တွေကိုလဲ ဖိတ်ကြားခဲ့ ပါတယ်။

ကင်ဂျုံအန်ကို အစက လူသိမများခဲ့ ပေမယ့်လဲ ပြီးခဲ့တဲ့ လက ပါတီ ညီလာခံမှာ စစ်တပ်မှာ ကြယ်လေးပွင့် ရာထူးပေးခဲ့ပြီး ကိုးရီးယား အလုပ်သမား ပါတီနဲ့ အစိုးရ အတွင်းမှာလဲ ရာထူးကြီးတွေ ပေးအပ်ခဲ့ အပြီးမှာ သူဟာ ကျန်းမာရေး မကောင်းတဲ့ ဖခင်ရဲ့နေရာကို ဆက်ခံ လိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

အထူးသဖြင့် ခုနိုင်ငံတကာ သံရုံး အရာရှိတွေကိုလည်း ဖိတ်တဲ့ပွဲကို သားအဖ နှစ်ယောက် အတူတက်လာတဲ့အတွက် သူ့ဟာ ကင်ဂျုံအီးနေရာကို ဆက်ခံဖို့ ခန့်မှန်း ပြောဆိုမှုတွေကို ပိုအားကောင်းသွားစေပါတယ်။