ဇင်ဘာဘွေကျန်းမားရေးအတွက် ငွေပိုသုံးရန်လိုအပ်

  • 10 အောက်တိုဘာ 2010
Image caption ဇင်ဘာဘွေမှာ နေ့စဉ် ကလေးငယ် တရာလောက် မသေသင့်ပဲ သေဆုံးနေရ

ဇင်ဘာဘွေနိုင်ငံဟာ လာမယ့် ၃ နှစ်အတွင်း ကျန်းမားရေး စောင့်ရှောက်မှု လုပ်ငန်းတွေ အတွက် ဒေါ်လာ သန်း ၁ ထောင်နီးပါး အသုံးပြုဖို့ လိုအပ်မယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။

ဇင်ဘာဘွေမှာ နေ့စဉ် ကလေးငယ် တရာ လောက်ဟာ မသေသင့်ပဲ သေဆုံးနေရတာကို ကာကွယ်ဖို့အတွက် အခြေခံကျန်းမားရေး စောင့်ရှောက်မှု အတွက် ဒီငွေတွေကို သုံးဖို့ လိုအပ်တာလို့ ဆိုပါတယ်။

မိခင်တွေဟာ ဆေးရုံတက်ပြီး ကလေးမွေးဖို့ ပိုက်ဆံ မတတ်နိုင်တာကြောင့် ကလေးငယ်တွေ သေဆုံးနေရတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်စောင့်ရှောက်ရေးအေဂျင်စီ ဇင်ဘာဘွေနိုင်ငံ ကိုယ်စားလှယ် ဒေါက်တာ ပီတာ ဆလာမာက ပြောပါတယ်။

မြို့မှာရှိတဲ့ ဆေးခန်းတွေမှာတက်ပြီး ကလေးမွေးမယ်ဆိုရင် ဒေါ်လာ ၅၀ လောက် ကုန်ကျ ပါတယ်။ ကျေးလက်မှာနေတဲ့ လူအများစုဟာ ဒီလောက်ကုန်ကျစားရိတ်ကို မတတ်နိုင် ကြပါဘူး။

မိခင် သေဆုံးမှုဟာလည်း ၁၉၉၀ ခုနှစ်နောက်ပိုင်း ၂ ဆ တိုးပွားလာခဲ့ပါတယ်။ အခုလို သေဆုံးရမှုတွေ မဖြစ်အောင် တကယ်တန်းမှာ လုံးလုံးလျားလျား ကာကွယ်နိုင်ပါတယ်။

ဇင်ဘာဘွေအစိုးရနဲ့ လက်တွဲဆောင်ရွက်နေတဲ့ ကုလသမဂ္ဂကတော့ ဒေသခံ အဖွဲ့အစည်း တွေ၊ အစိုးရနဲ့ပုဂ္ဂလိက ပူးတွဲရင်းနှီးမြုပ်နှံမှုတွေကနေ တဆင့် ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကို ပြန်လည်တည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။