အစ္စရေးမှာ နိုင်ငံသားအဖြစ် ခံယူနိုင်ပြီ

  • 11 အောက်တိုဘာ 2010
Image caption အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu

ဂျူးလူမျိုး မဟုတ်သူတွေ အစ္စရေးတို့ရဲ့ သစ္စာကို စောင့်သိပါ့မယ်လို့ ကျမ်းကျိန်ပြီး နိုင်ငံသားအဖြစ် လျှောက်ထားတာကို လက်ခံရေး ဆိုင်ရာ ဥပဒေကြမ်း တရပ်ကို အစ္စရေး လွှတ်တော်က အတည်ပြုလိုက် ပါပြီ။

အဲဒီလို လုပ်ဆောင်တာကို လွှတ်တော်အမတ် ၃ဝ ထဲက ရှစ်ယောက်က ဆန့်ကျင်ခဲ့ သလို အစ္စရေး နိုင်ငံရေး သမားတွေနဲ့ အာရပ် အဖွဲ့အစည်းတွေ ကလည်း ပြဿနာတွေ ဖြစ်အောင် ဆွပေးတာ ၊ လူမျိုးရေး ခွဲခြားတာလို့ ဆိုပါတယ်။

ဝန်ကြီးချုပ် ဘန်ဂျာမင် နက်တန်ရာဟူး အနေနဲ့ ဒီ ဥပဒေကြမ်းကို အတည်ပြုဖို့ လိုအပ်ကြောင်း ဒါမှသာ ဂျူးအခြေချ စခန်း တည်ဆောက်ရေး သဘောတူညီမှုသစ် ရအောင် ဆောင်ရွက်ဖို့ ညွန့်ပေါင်း အစိုးရအဖွဲ့ထဲမှာ လက်ယာဝါဒီတွေရဲ့ ထောက်ခံမှု ရအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပြီး ပါလစ်စတိုင်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကိုလည်း ဆက်လက် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ သုံးသပ်သူ တချို့က ဆိုနေကြပါတယ်။