မိုင်းလုပ်သား တွေကို စိတ်လှုပ်ရှားစွာ စောင့်ကြိုနေ

  • 12 အောက်တိုဘာ 2010

ချီလီနိုင်ငံ မြောက်ပိုင်း က မြေအောက်မိုင်းတွင်းထဲမှာ မှာ နှစ်လကျော်ကြာ ပိတ်မိနေတဲ့ မိုင်းလုပ်သား ၃၃ ယောက် ကို မြေပေါ် ကယ်ထုတ် နိုင်ဖို့ နာရီပိုင်း လောက်ပဲ လိုတော့တဲ့ အချိန်မှာ နောက်ဆုံး အဆင့်ကြိုတင် ပြင်ဆင်မှုတွေ လုပ်နေတဲ့ နေရာဆီ ချီလီ သမ္မတ ရောက်ရှိလာမှာ ဖြစ်ပါတယ်။

Image caption မိုင်းလုပ်သားတွေ ကို စောင့်နေကြတဲ့ သတင်း ထောက် တွေထဲက တစ်ယောက်

ဒီမိုင်းလုပ်သား တွေကို မြေပေါ်ကို ကယ်ယူ နိုင်ဖို့က နှစ်ဆယ့် လေးနာရီတောင် မလိုတော့ ပါဘူး။

သမ္မတ Sebastian Piera က မိုင်းတွင်း အနီးမှာ သီတင်း လေးပတ် ကြာအောင် စခန်းချ စောင့်ဆိုင်း နေကြတဲ့ မိုင်းလုပ်သား တွေရဲ့ ဆွေမျိုး သားချင်း တွေကို သူ တွေ့လိုတယ် လို့ ပြောပါတယ်။

သမ္မတ Sebastian Piera နဲ့ အတူ ပိတ်မိ နေသူတွေထဲမှာ သူ့နိုင်ငံသား မိုင်းလုပ်သား တစ်ယောက် ပါတဲ့ အတွက် ဘိုလစ်ဗီးယား သမ္မတ Evo Morales လည်း လာရောက် မယ်လို့ မျှော်လင့်ရ ပါတယ်။

မိုင်းလုပ်သား တွေကို မြေပေါ် သယ်ယူလာမယ့် လူတစ်ကိုယ် ရပ်နိုင်ရုံ အရွယ်ရှိတဲ့ သံဆန်ကာအိမ် ကိုလည်း တနင်္လာ နေ့က အောင်အောင် မြင်မြင် စမ်းသပ်ကြည့်ပြီး ဖြစ်ပါတယ်။

စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြ သူတွေရှိရာ မြေပြင်ပေါ် ပထမဆုံး မိုင်းလုပ်သား ကို ကယ်ထုတ်နိုင်ဖို့ ကယ်ဆယ်ရေး အဖွဲ့သားတွေ မိုင်းတွင်းအောက်ဆင်း မသွားခင် နောက်ထပ် စမ်းသပ်မှုတွေ လုပ်ဦးမှာ ဖြစ်ပါတယ်။

မိုင်းလုပ်သားတွေကို ဝမ်းသာအားရ စောင့်ဆိုင်းနေကြ

Image caption မကြာခင် မြေပေါ် ရောက်လာဖို့ မျှော်လင့် နေကြတဲ့ မိုင်း လုပ်သား တချို့

ဗုဒ္ဒဟူးနေ့က စပြီး မိုင်းလုပ်သားတွေကို တစ်ယောက်ပြီး တစ်ယောက် ကယ်ထုတ် နိုင်တော့မှာ မို့ မိသားစုဝင် တွေ ရော သွေးမတော် သားမစပ် သူ တွေပါ စိတ်လှုပ်ရှား ပြီး စောင့်ဆိုင်း နေကြပါတယ်။ အဲဒီမိုင်းလုပ်သား ၃၃ ယောက်ကို မြေပြင်ပေါ် ကယ်ထုတ်နိုင်မဲ့ မြင်ကွင်းကို သတင်းပို့နိုင်ဖို့ ကမ္ဘာ တဝန်း လုံးက သတင်းထောက် တစ်ထောင် နီးပါး လောက် လည်း အဲဒီနေရာမှာ ရောက်နေကြပါပြီ။

မိုင်းလုပ်သားတွေရဲ့ ကြင်သူ မယား ချစ်ရည်းစားတွေ ကတော့ အကဲပိုတယ်လို့ ဆိုနိုင်ပါတယ်။

မိုင်းလုပ်သား တွေကို ကယ်ထုတ်လာမယ့် နေရာ အဝမှာ ညအိပ် ညနေ စောင့်နေကြတဲ့ အဲဒီ အမျိုးသမီးတွေ က ကြင်သူ ယောင်္ကျားတွေကို အလှဆုံး ကြိုနိုင်ဖို့ ဘယ်လို အကောင်းဆုံး အဝတ်တွေ ဝတ်ရမယ်ဆိုတာ ရွေးရ ခက်နေကြ ပါတယ်တဲ့။

ကြင်သူ ချစ်သူ အမျိုးသမီးတွေ အဲဒီလို စိတ်လှုပ်ရှား နေကြချိန်မှာ မြေအောက်မှာ ပိတ်မိနေ တဲ့ မိုင်းလုပ်သားတွေ ကရော အလားတူ စိတ်လှုပ်ရှား နေကြမလားလို့ မေးခွန်းထုတ်လိုသူတွေလည်း ရှိနေပါတယ်။

မိုင်းတွင်း ဆရာဝန်က တော့ လောလောဆယ်မှာ သူတို့ စိတ်လှုပ်ရှားပုံ မပြကြဘူး၊ အေးအေး ဆေးဆေး ပဲလို့ ပြောပါတယ်။ မြေအောက်မှာထက် မြေပြင်ပေါ် ရောက်လာမှ သူတို့ရဲ့ စိတ်လှုပ်ရှား မှုတွေကို ပိုတွေ့ရမယ် လို့လည်း မိုင်းတွင်း ဆရာဝန်က ယူဆပါတယ်။

ဗုဒ္ဓဟူးနေ့ မနက် မိုင်းလုပ်သားတွေ မြေပြင်ပေါ် ရောက်လာမယ့် အချိန်ကျမှ သူတို့ရဲ့ တကယ့် အခြေအနေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။