ကယ်ထုတ်ရေး လုပ်ငန်း အဆုံးသတ်

  • 14 အောက်တိုဘာ 2010
Image caption မြေပေါ် ရောက်လာသူတွေရဲ့ ပျော်ရွှင် ကြည်နူးမှု

ချီလီနိုင်ငံမှာ မိုင်းတွင်းပြိုလို့ နှစ်လကျော်ကြာ ပိတ်မိနေတဲ့ လုပ်သား ၃၃ယောက်ကို ကယ်ထုတ်ရေး လုပ်ငန်း ပြီးဆုံးသွားပါပြီ။

နောက်ဆုံး မြေပေါ်ရောက်လာသူက မိုင်းတွင်း ကြီးကြပ်ရေးမှူး Luis Urzua ဖြစ်ပါတယ်။

တပတ် ကြာမယ်လို့ မှန်းထားတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေဟာ ထင်ထားတာထက် မြန်မြန် ပြီးဆုံးခဲ့တယ်လို့ သတ္တုတွင်း ဝန်ကြီးက ပြောပါတယ်။

မိုင်းတွင်း လုပ်သားတွေဟာ သွားကိုက်ဝေဒနာ အပြင်းအထန် ခံစား နေရပြီး မိုင်းတွင်းထဲ ကာလကြာရှည် ပိတ်မိနေတဲ့ ဒဏ်ကြောင့် တချို့ဟာ အမြင်အာရုံ ကောင်းကောင်း မမြင်ရဘူးလို့ ကျန်းမာရေး ဝန်ကြီးက ဆိုပါတယ်။

သူတို့ထဲက တယောက်က အဆုတ် အအေးမိရောဂါ ဖြစ်နေပေမယ့် စိုးရိမ်ရတဲ့ အခြေအနေ မရှိဘူးလို့ သိရပါတယ်။