ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်ရဲ့ အနာဂတ်အရေး

  • 20 အောက်တိုဘာ 2010
Image caption BBC World Service ရုံးစိုက်ရာ Bush House

ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဗြိတိသျှ အစိုးရရဲ့ အသုံးစရိတ် လျှော့ချရေး ပေါ်လစီ အရ BBC ကမ္ဘာတလွှား အစီအစဉ်ရဲ့ အသုံးစရိတ် ငွေရယူတဲ့ပုံစံ ကြီးကြီးမားမား ပြောင်းလဲ သွားတော့မှာ ဖြစ်ပါတယ်။

အခုချိန်ထိ BBC ကမ္ဘာတလွှား အစီအစဉ်ရဲ့ နှစ်စဉ် အသုံးစရိတ် ဒေါ်လာ သန်းလေးရာကျော်ကို နိုင်ငံခြားရေးဌာနက ထောက်ပံ့ပေးခဲ့တာပါ။

နောက်ပိုင်းမှာ တခြား BBC ဌာနတွေလိုဘဲ အများပြည်သူ ဆီက ကောက်ခံရတဲ့ ရုပ်မြင်သံကြား လိုင်စင်ကြေး ကရတဲ့ငွေနဲ့ BBC ကမ္ဘာတလွှား အစီအစဉ် ကို ရပ်တည်ခိုင်းတာ ဖြစ်ပါတယ်။

အခု အစီအစဉ်သစ်ကြောင့် အနာဂတ်မှာ ဘတ်ဂျက် ဖြတ်တောက်မှုတွေ ရှိလာရင် ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်ကို အကာအကွယ် ပေးဖို့ လိုတယ်လို့ ကမ္ဘာတလွှား အစီအစဉ်ရဲ့ ဦးဆောင် ညွှန်ကြားရေးမှူးဟောင်း ဂျွန်တူဆာက ပြောပါတယ်။

ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်ဟာ ကမ္ဘာပေါ်မှာ လူတွေ အလေးစားဆုံး အစီအစဉ် ဖြစ်တယ်လို့လည်း သူက ထောက်ပြ သွားခဲ့ပါတယ်။