ချက်ညှာပြည်နယ် အကြမ်းဖက် တိုက်ခိုက်မှု

  • 19 အောက်တိုဘာ 2010
chechen
Image caption ချေချင်း သူပုန် တွေ တိုက်ခိုက်ခဲ့တဲ့ ပါလီမန် နေရာ

ရုရှားတောင်ပိုင်း ချက်ညှာ ပြည်နယ် မြို့တော် ဂရော်စနီ ရှိ ပါလီမန် ကို စီးနင်းသိမ်းပိုက်ထား တဲ့ သေနတ် သမား အားလုံး ကို လုံခြုံရေး တပ်ဖွဲ့ တွေက ပစ်သတ် လိုက် ပါတယ်။

သေနတ်သမား တဦးက အသေခံ ဗုံးခွဲ သမား ဖြစ်ပြီး သူ့ကိုယ်သူ ဗုံးခွဲ ပြီး သတ်သေ သွား ပါတယ်။

သေဆုံးသူတွေထဲမှာ အစောင့် ၃ ဦး နဲ့ အရပ်သား တဦး ပါဝင် ပါတယ်။

ပါလီမန် အမတ်တွေ အလုပ်တက် ဖို့ လွှတ်တော်ထံ ရောက်လာချိန် မှာ စီးနင်း တိုက်ခိုက်ခံ ရတာ ဖြစ်ပါတယ်။

လုံခြုံရေး တောင့်တင်းတဲ့ လွှတ်တော် ထဲမှာ သေနတ်သမား တွေကို မိနစ် ၂၀ နီးပါး အချိန်ယူ လိုက်လံရှာ ဖွေ ခဲ့ရပါတယ်။

ချေညှာ သီးခြားခွဲ ထွက်ရေး သမားများကို ချေမှုန်းနိုင်ပြီ လို့ ရုရှား က ကြေညာခဲ့ ပေမယ့် မကြာမီ က ချေညှာ အစ္စလာမ်မစ် စစ်သွေးကြွ တွေ က ဒေသတွင်း တိုက်ခိုက်မူ တွေ ဆက်တိုက် ပြုလုပ် လာ ပါတယ်။

အခုလို အသေခံ ဗုံးခွဲ တိုက်ခိုက်လာတာ၊ သေဆုံးသူတွေ ထဲမှာ လွှတ်တော် ရဲ့အရာရှိ တစ်ယောက်နဲ့ အစောင့် နှစ်ယောက် သေဆုံးခဲ့တာ တွေကြောင့် ချေညှာ ဟာ ရုရှ ပြောသလို မငြိမ်သေးဘူး၊ အချိန် မရွေး လှုပ်နိုင် သေးတယ်၊ အလုံးစုံ ပြေလည် တည်ငြိမ်ဖို့ အတွက် ဆယ်စုနှစ် တွေမချီ တောင် လာမယ့်နှစ်တွေအတွင်း အများကြီး ရုရှ အနေနဲ့ လုပ်ရ ဦးမယ် ဆိုတာကို အခု အဖြစ် က မီးမောင်းထိုးပြ လိုက်တာပဲ ဖြစ်တယ် လို့ ဘီဘီစီ သတင်းထောက် တဦး က သုံးသပ် ထားပါတယ်။