ပြင်သစ် မှ ပင်စင်အရေး ဆန္ဒပြ

  • 19 အောက်တိုဘာ 2010
francestrike
Image caption ပြင်သစ် ဆန္ဒပြပွဲ

ပြင်သစ်အစိုးရ ရဲ့ ပင်စင် ပြုပြင်ရေး အပေါ် ကန့်ကွက်မှု တွေဟာ တိုးပွားလာ နေလို့ လောင်စာဆီ ရှားပါးမှု ပြဿနာ ဟာ ပြင်သစ်နိုင်ငံ တွင်း ကြီးထွားနေပါပြီ။ ရာနဲ့ ချီတဲ့ ဓါတ်ဆီဆိုင် တွေမှာ ဓါတ်ဆီ ပြတ်လပ် ကုန်လို့ လူတွေဟာ အလုအယက် ဝယ်ယူ နေကြပါတယ်။

ရေနံ ကုမ္ပဏီ တွေ ရဲ့ အရေးပေါ် သိုလှောင်ထားတာ တွေ ကို ထုတ်ရောင်းရဖွယ် ရှိနေပါပြီ။ တနိုင်ငံ လုံး ဆန္ဒပြပွဲ တွေ ကနေ့ ကျင်းပဖို့ ရှိနေပြီး သမ္မတဆာကိုဇီ ရဲ့ ပင်စင် အစီအစဉ် ဒီတပတ် ဆီးနိတ် လွှတ်တော်မှာ အတည် မပြုခင် ကန့်ကွက်ကြဖို့ပါ။

ြင်သစ်သမ္မတဆာကိုဇီ က သူ့အနေနဲ့ ကန့်ကွက် ဆန္ဒပြမှု တွေကျယ်ကျယ် ပြန့်ပြန့် ရှိ နေတဲ့ကြားကပဲ ပင်စင် ပြုပြင် ပြောင်းလဲရေး ကို ဆက်လက် ဆောင်ရွက်ဖို့ ရှိကြောင်း ပြောပါတယ်။

ဒီအစီအစဉ် ထဲ ပါဝင်တဲ့ အချက်ဖြစ်တဲ့ အစိုးရ အလုပ်ခွင် ကနေ ပင်စင်ယူရမဲ့ အသက်ကို ၆၀ က ၆၂နှစ် တိုးမြှင့်ရေး ဟာ အရေးကြီးတဲ့ အကြောင်း မစ္စတာ ဆာကိုဇီ က ပြောပါတယ်။

ဆန္ဒပြပွဲ ထဲ ပါဝင်တဲ့ ကုန်တင်ကား မောင်းသူတွေ၊ ရေနံ လုပ်သားတွေဟာ လမ်းမကြီးတွေ နဲ့ ဓါတ်ဆီ ဆိုင် တွေကို ပိတ်ဆို့ ထားကြပါတယ်။

လမ်းမထက် ဆန္ဒပြမှု တချို့မှာ ဆိုရင် အကြမ်းဖက်တဲ့ အပိုင်း ရှိလာပါတယ်။ ပဲရစ်မြို့တော် ရဲ့ ဆင်ခြေဖုံး ရပ်ကွက်တွေ ဖက်မှာ မျက်နှာဖုံးစွပ် လူငယ်တချို့ ဟာ အကြမ်းဖက် လာကြလို့ ရဲ က နှိမ်နင်းနေရပါပြီ။