ဂီရိမုန်တိုင်းကြောင့် လူ ၅ ဦးသေဆုံးခဲ့

  • 24 အောက်တိုဘာ 2010

ဂီရိမုန်တိုင်းကြောင့် အနဲဆုံး လူ ၅ ဦးအသက်ဆုံးရှုံးခဲ့ရ

giri
Image caption ဆိုင်ကလုန်းဂီရိ

ဘင်္ဂလား ပင်လယ်အော် ကနေပြီး မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင် ကမ်းရိုးတန်းကို ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ ဂီရိ ဆိုင်ကလုန်း မုန်တိုင်းကြောင့် အနဲဆုံး လူ ၅ ဦးသေဆုံးခဲ့ရ ပြီး လူထောင်နဲ့ သောင်းနဲ့ချီပြီး အရေးပေါ် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်း သတင်းရရှိပါတယ်။

ဒီသေဆုံးခဲ့ရတဲ့သူတွေထဲက တစ်ဦးဟာ မင်းပြားမြို့က အမျိုးသမီးတစ်ယောက်ဖြစ်ပြီး မုန်တိုင်းအတွင်းမှာ သစ်ပင်လဲကျတာကြောင့် သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သက်ဆိုင်ရာက ပြောပါတယ်။

ကျောက်ဖြူ မြို့မှာတော့ လူ ၄ ဦးလောက် အသက်ဆုံးရှုံးခဲ့ရပြီး၊ မီးသတ် မျှော်စင်နဲ့ အထက ၁ ကျောင်းလဲ ပျက်စီးခဲ့ရသလို လမ်းပန်း ဆက်သွယ်ရေးတွေ မှာလဲ အခက်အခဲတွေ ဖြစ်နေရကြောင်း၊ တယ်လီဖုန်းနဲ့လဲ ဆက်သွယ်လို့ မရသလို လေဆိပ် ကိုလဲ ပိတ်ထား တယ်လို့ စစ်တွေမြို့ခံ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။ ကားလမ်း ကလဲ တံတား ကျိုးနေလို့ သွားလာလို့ မရကြောင်းနဲ့ အကူအညီ ပေးချင်သူတွေ အနေနဲ့ သင်္ဘာနဲ့ သွားမယ်ဆို ဖြစ်နိုင်ကြောင်း လဲဆိုပါတယ်။

ဒီမုန်တိုင်းဟာ ရခိုင်ပြည်နယ်ထဲကို တနာရီကို မိုင် ၁၂၀ လောက်နီးပါးရှိတဲ့ လေတိုက်နှုန်းနဲ့ ဝင်ရောက်တိုက်ခတ်သွားတာ ဖြစ်ပါတယ်။

မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံး ခံခဲ့ ရတာကတော့ ကျောက်ဖြူမြို့ ဖြစ်ပြီး ဓာတ်အားလိုင်းတွေလဲ ပြတ်တောက်ကုန်တဲ့ အပြင် ရေတားတမံတွေလဲ ပျက်စီးသွားတယ်လို့ သိရပါတယ်။