ဟေတီမှာဝမ်းရောဂါကြောင့် သေဆုံးသူတိုးလာ

  • 25 အောက်တိုဘာ 2010
haiti
Image caption ဟေတီမှ ဝေဒနာရှင် တစ်ဦး

ဟေတီ နိုင်ငံမှာ ဖြစ်ပွား နေတဲ့ ကာလဝမ်း ရောဂါကြောင့် သေဆုံးသူ ဦးရေ ဟာ ၂၅၀ ကျော်သွားပြီ ဖြစ်ပါတယ်။

ကျန်းမာရေး ဆိုင်ရာ ကျွမ်းကျင်သူ တွေက လူပေါင်း ၃ သိန်းလောက် ရောဂါ ကူးစက် ခံနေရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တနင်္ဂနွေ နေ့မှာတော့ ရောဂါကူးစက်မှု အသစ်တွေ လျော့ကျ သွားတယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာ ဒီကာလဝမ်းရောဂါ ကူးစက် ပြန့်ပွားမှုနှုန်းဟာ အရှိန် တန့်လာတယ်လို့ ထင်ရ ပေမယ့် ရောဂါ ကူးစက်မှုဟာ အမြင့်ဆုံး အခြေအနေကို ရောက်ခဲ့ ပြီးပြီလား ဆိုတာကိုတော့ မပြောနိုင် သေးဘူးလို့ ဆိုပါတယ်။

ဟေတီ နိုင်ငံခြား ရေးဝန်ကြီး မာရီ မစ်ရှယ် ရေးကတော့ ဒီရောဂါ ကူးစက်မှုကို ထိန်းထား နိုင်တယ်လို့ ဆိုပါတယ်။

မြို့တော် ပေါ်တိုပရင့်စ် မှာတော့ အဲဒီ ရောဂါ ဖြစ်ပွား နေရာကို ခရီးသွား ခဲ့ကြသူတွေ အပါအဝင် လူ ၅ ဦးလောက် ရောဂါ ဖြစ်ပွား နေပါတယ်။

အစိုးရဘက် ကတော့ ဒီလို ကူးစက် ပြန့်ပွားမှုတွေ မြို့တော် အထိ ရောက်လာ နိုင်တဲ့ အခြေအနေတွေ ရှိလို့ လိုအပ်တာတွေ ကို ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။

အမျိုးသား ကျန်းမာရေး တာဝန်ခံ ဒေါက်တာ ကလောဒ့် ဆူရီနာက ရောဂါဖြစ်ပွားနေတဲ့ နေရာတွေ မှာ လူတွေ ဘယ်လောက်အထိ ကူးစက်နေပြီလဲဆိုတာ ကိုသိကြမှာဖြစ်ကြောင်း၊ အဲဒါမျိုးတွေကို ထပ်ပြီး မမြင်ချင်တဲ့ အကြောင်းနဲ့ တကယ်လို့ ဖြစ်လာပြန်လျင်လဲ တော်တော် စိုးရိမ်စရာ ကောင်းမှာ ဖြစ်လို့ အဲဒီအတွက်ကို ကြိုတင် ပြင်ဆင် နေကြတယ်လို့ ပြောပြ သွားပါတယ်။