အီရတ်က ညှင်းပမ်းမှု တွေကို စုံစမ်း စေလို

  • 25 အောက်တိုဘာ 2010

မကြာသေးခင်က Wikileaks အင်တာနက် စာမျက်နှာမှာ ထုတ်ပြန် ဖော်ပြခဲ့တဲ့ အီရတ် နိုင်ငံမှာ ညှင်းပမ်း နှိပ်စက်မှု တွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက် တွေနဲ့ ပတ်သက် ပြီး အသေးစိတ် စုံစမ်း စစ်ဆေးမှု ပြုလုပ်ဖို့ ပင်လယ်ကွေ့ ဒေသ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီ GCC က အမေရိကန် အစိုးရကို တိုက်တွန်း လိုက်ပါတယ်။

Image caption Wikileaks မှာ ဖော်ပြထားတဲ့ အချက် အလက် တချို့

အီရတ်နိုင်ငံမှာ သူ့ တပ်ဖွဲ့တွေ ကျူးလွန် ခဲ့တယ် လို့ စွပ်စွဲ ခံရတဲ့ သတ်ဖြတ်မှု၊ ညှင်းပမ်း နှိပ်စက် မှု တိုင်း အတွက် အမေရိကန် အစိုးရမှာ တာဝန် ရှိတယ်လို့ GCC ရဲ့ အတွင်း ရေးမှူးချုပ် က ကြေ ငြာ ချက် ထဲမှာ ပြောထား ပါတယ်။

Wikileaks က ထုတ်ပြန် ခဲ့တဲ့ လျှို့ဝှက် စာရွက် စာတမ်း တွေ မှာ အမေရိကန် တပ်ဖွဲ့ တွေဟာ အီရတ် လုံခြုံရေး တပ်ဖွဲ့ တွေ ရဲ့ ကျယ်ကျယ် ပြန့်ပြန့် ညှင်းပမ်း နှိပ်စက်မှု တွေကို မသိ ကျိုး ကျွံ ပြုနေတယ် လို့ ဖော်ပြနေ ပါတယ်။

ပင်တဂွန် စစ်ဌာန ချုပ် ကတော့ ညှင်းပမ်း နှိပ်စက်မှု စွပ်စွဲချက် တွေကို ထပ်မံ စုံစမ်း စစ်ဆေး ဖို့ အစီအစဉ် မရှိဘူးလို့ ပြောပါတယ်။

အီရတ် နိုင်ငံဘက်က တုံ့ပြန်မှု

အီရတ် ဝန်ကြီးချုပ် နူရီ မာလီကီက စစ်ဖက်ဆိုင်ရာ လျှို့ဝှက် စာရွက် စာတမ်း တွေကို Wikileaks က အခုချိန်မှာ ထုတ်ပြန်လိုက် တာဟာ တမင် ချိန်ကိုက် လုပ်လိုက် တာလို့ ဝေဖန် ပြောဆို လိုက် ပါတယ်။

Image caption Wikileaks ရဲ့ ထုတ်ပြန်မှု က နိုင်ငံရေး ရည်ရွယ် ချက် ရှိတယ်လို့ အီရတ် သမ္မတ ပြော

သူ့ကို သုတ်သင် ရှင်းလင်းရေး လက်ဖြောင့် သမား တွေနဲ့ ဆက်နွယ် ပတ်သက် နေတယ် ဆိုပြီး စွပ်စွဲခဲ့မှု တွေဟာ အီရတ် အစိုးရသစ် ဖွဲ့ဖို့ သူ့ရဲ့ ကြိုးပမ်းမှု တွေ ပျက်ပြား သွားအောင် ဖျက်လို ဖျက်ဆီး လုပ်လိုက် တာပဲလို့ အီရတ် ဝန်ကြီးချုပ်က ပြောပါတယ်။

Wikileaks ကတော့ အီရတ် စစ်ပွဲ အကြောင်း အမှန်တရားကို ထုတ်ဖေါ်ပြတဲ့ အနေနဲ့ အခုလို ဖွင့်ချပြလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မစ္စတာ မာလီခီရဲ့ ဝန်ကြီးချုပ် ရုံးရဲ့ ထုတ်ပြန် ကြေညာချက် မှာ တော့ သူ့ လက်ထက် မှာ လုံခြုံရေး တပ်ဖွဲ့ဝင် တွေဟာ အပေျာက်ရှင်း သုတ်သင်ရေး လက်ဖြောင့် သမားတွေ အဖြစ် လှုပ်ရှား ဆောင်ရွက် ခဲ့ကြတယ် ဆိုတဲ့ စွပ်စွဲချက် တွေကို ပြင်းထန်တဲ့ စကားလုံး တွေနဲ့ ဒေါသ တကြီး ငြင်းဆို ချေပထား ပါတယ်။

အီရတ်လုံခြုံရေး တပ်ဖွဲ့တွေဟာ တရား ဥပဒေ အတိုင်း ဆောင်ရွက် ခဲ့တာ ဖြစ်ပြီး လူမျိုး၊ အုပ်စု အဖွဲ့ကို မူတည် ဆောင်ရွက် ခဲ့တာ မဟုတ်ဘူး လို့ ပြောပါတယ်။ Wikileaks ရဲ့ ဒီဖွင့်ချမှုဟာ မီဒီယာနည်းနဲ့ အကွက်ချ ကစား တာမျိုး ဖြစ်ပြီး နိုင်ငံရေး ရည်ရွယ်ချက် နဲ့ လုပ်ခဲ့တာ လို့ အဲဒီ ကြေညာချက် မှာ ဖေါ်ပြ ထားပါတယ်။

အီရတ် အစိုးရ ဘက်က အခုလို ဒေါသတကြီး တုံ့ပြန်ခဲ့ ပေမဲ့ Wikileaks ရဲ့ ပေါက်ကြားမှု တွေနဲ့ ပတ်သက်လို့ အီရတ် ပြည်သူတွေ ကြားမှာ စိတ်ဝင်စားသူ အနည်း အပါးပဲ ရှိပါ တော့တယ်။

ဝန်ကြီးချုပ်ဟောင်း အီယက် အာလာဝီရဲ့ ဆွန်နီ ထောက်ခံ အားပေးတဲ့ အီရတ် ကီယာ အဖွဲ့ ကတော့ ဒီစွပ်စွဲမှု တွေကို ကြည့်ခြင်း အားဖြင့် အာဏာ ခွဲဝေ ယူတဲ့ အစိုးရ အဖွဲ့ တစ်ခု ထားရှိရေး ဟာ ဘာ့ကြောင့် အရေးပါသလဲ၊ မစ္စတာ မာလီခီ ဘာ့ကြောင့် ဘေးဖယ် နေသင့် သလဲ ဆိုတာကို ဖေါ်ပြနေတယ်လို့ ထောက်ပြ ပြောဆိုခဲ့ ပါ တယ်။