အင်ဒိုနီရှား ဆူနာမီဒဏ်ခံဒေသ ကယ်ဆယ်ရေးတွေ ရောက်

Image caption ကျွန်းပေါ်မှာ ကယ်ဆယ်ရေးတွေ စလုပ်နေ

ဆူနာမီ ရေလှိုင်းဒဏ်ခံခဲ့ရတဲ့ ဆူမတြားကျွန်းအနောက်ဘက်က မန်တာဝီ ကျွန်းစု ဆီကို အရေးပေါ် ကူညီ ကယ်ဆယ်ရေး သင်္ဘော ရောက်သွားနိုင်ဖို့ ဆူနာမီ အပြီး ကတည်းက ကြိုးစားခဲ့ ပေမဲ့ ဆိုးဝါးနေဆဲ ရာသီဥတုနဲ့၊ လှိုင်းထန်ဆဲ ပင်လယ်ပြင်ကြောင့် အရေးပေါ် ကယ်ဆယ် သင်္ဘော ဒီကျွန်းစု ကိုရောက်ရှိရေး အတွက် အခက်အခဲ တွေ ဖြစ်ခဲ့ ပါတယ်။

အခု မန်တာဝီ ကျွန်းစု အားလုံး မှာ ကူညီ ကယ်ဆယ်ရေး တွေ အနှံ့ ရောက်နိုင်ဖို့ ကတော့ သီတင်း တပတ် အနည်းဆုံး ကြာဦးမယ်လို့ အင်ဒိုနီးရှား နိုင်ငံ ရဲ့ သဘာဝဘေးအန္တရာယ် စီမံဆောင်ရွက်ရေး ဌာန က ပြောပါတယ်။

အခု လောလော ဆယ်မှာ အဝတ်အစားတွေ၊ စောင်တွေ အစားအစာ နဲ့ ဆေးဝါး တွေ တင်ဆောင်ထား တဲ့ တင်ဆောင် လာတဲ့ သင်္ဘောဟာ အဲဒီကျွန်းစုထဲ မြောက် ပဂိုင် ကျွန်း ကိုရောက်နေပါပြီ။

အခုအချိန် ထိ လူ ၃၄၀ ကျော် သေဆုံး ခဲ့ပြီ လို့ သိထားရတဲ့ ဒီ ဆူနာမီ ဘေးဒဏ် ခံရသူတွေ အတွက် ကူညီရေး စီမံဆောင်ရွက်မှု ကို အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘန်ဘန် ယူဒိုရိုနို က သူကိုယ်တိုင် ကြည့်ကြပ်လိုတယ် လို့ ဆိုပြီး ဒီထိခိုက်ခံရတဲ့ ဒေသတွင်း ကို ရောက်ရှိ လာပါတယ်။

ကျန်ရစ်သူ မိသားစုဝင်တွေ ကို တွေ့ဆုံ အားပေးဖို့ နဲ့ ကူညီ စောင့်ရှောက်ရေး ဆောင်ရွက်ချက် တွေ ဟာ ခေျာမွေ့ အဆင်ပြေ လားဆိုတာ စီမံ ရအောင် သူ လာခဲ့တာ လို့ ဆိုပါတယ်။

လေကြောင်း ကနေ ကူညီထောက်ပံ့ မှုတွေ လည်း ချ ပေးခဲ့ တယ် လို့ သူ ကဆိုပါတယ်။

ဒါပေမဲ့ အခု မန်တာဝီ ကျွန်းစု ကို ဆူနာမီ မလာခင် တင်ကြိုသတိပေးတဲ့ စနစ် ရဲ့ အဓိက ကျတဲ့ အပိုင်း တခု က အလုပ် မလုပ် ဘူး လို့ အင်ဒိုနီးရှား မြေငလျင် စောင့်ကြည့် ရေးဌာန က ပြောပါတယ်။

၂၀၀၄ ခုနှစ် အိန္ဒိယ သမုဒ္ဒရာ မှာ ဆူနာမီ ဘေးကြီး အကြီးအကျယ် ခံရ ပြီး နောက်ပိုင်း အင်ဒိုနီးရှား မှာ ဒေါ်လာ သန်းပေါင်းများ စွာ အကုန် အကျ ခံပြီး တင်ကြို သတိပေးရေး စနစ် တွေ တိုးတက်လာ အောင် လုပ်ထား တဲ့ အခြေအနေ ထဲ မှာ မှ အခုလို သဘာဝဘေး ရဲ့ အန္တရာယ် နဲ့ ကြုံခဲ့ရတာဖြစ်ပါတယ်။