ဂီရိ မုန်တိုင်း အသေအပျောက် အရေအတွက်

  • 29 အောက်တိုဘာ 2010
giri cyclone_kyauk Phyu
Image caption မုန်တိုင်း အပြီး ကျောက်ဖြူ မြို့တွင်း တနေရာ

ဂီရိ မုန်တိုင်း ကြောင့် သေကြေခဲ့ ရတဲ့ လူ အရေအတွက် က အခု အချိန် ထိ ဘီဘီစီ က သိရ သလောက် ၁၀၀ နီးပါး အထိ ရှိလာ ပါတယ်။

အလောင်း ပြန်တွေ့ရှိ ရတဲ့ အပေါ် မူတည်ပြီး ရရှိတဲ့ သတင်း အရ ဂီရိ ဆိုင်ကလုန်း မုန်တိုင်း အဓိက ထိခိုက် ခံခဲ့ရ တဲ့ မြေပုံ မြို့နဲ့ အနီးတဝိုက် က ရွာတွေမှာ လူပေါင်း ၈၃ ဦး သေဆုံး ခဲ့ ပါတယ်။

မြေပုံ မြို့နယ် တွင်း က ပျဉ်ဝါး တရွာတည်း တင် လူပေါင်း ၂၇ ဦး သေဆုံးခဲ့ပါတယ်။

ပေါက်တော မြို့နယ် တွင်းမှာတော့ စာရင်း ရသလောက် ၉ ဦး သေဆုံးပြီး မင်းပြား မြို့ မှာ ၅ ဦး နဲ့ ကျောက်ဖြူ မြို့မှာ ၁ ဦး သေဆုံး ခဲ့ပါတယ်။

ကူညီကယ်ဆယ်ရေး နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အေဂျင်စီ အဖွဲ့တွေ၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၊ အရေးပေါ် အကူအညီ ပေးရေး အန်ဂျီအို အဖွဲ့တွေ ဖြစ်တဲ့ မေတ္တာ အဖွဲ့၊ ရှေ့ဆောင် အဖွဲ့ စတဲ့ အဖွဲ့တွေလည်း ထိခိုက် ခံ ရတဲ့ ဒေသတွင်း ကို ရောက်ရှိနေကာ ထိခိုက် မှု စစ်တမ်း ကောက်ယူမှု တွေ၊ အရေးပေါ် အစားအစာ လိုအပ်ချက် အကူအညီ ပေးမှု တွေ လုပ်ဆာင် နေကြောင်း လည်း သိရ ပါတယ်။

ပေါက်တော မြို့နယ်တွင်း က ကျေးရွာ ၇ ရွာ မှာ ရောက်ရှိ ကူညီ နေတဲ့ ရှေ့ဆောင် အရေးပေါ် အကူအညီ ပေးရေး နဲ့ ဖွံ့ဖြိုးရေး အဖွဲ့ က သူတို့ ရောက်နေတဲ့ ရွာတွေက လူဦးရေ ၄၀၀၀ ကျော် ရှိတဲ့ အနက် ၆၀ နဲ့ ၇၀ ရာခိုင်နှုန်းကြား လူဦးရေ က အရေး ပေါ် စားနပ်ရိက္ခာ အကူအညီ လိုနေတာ တွေ့ရကြောင်း ဘီဘီစီ ကို ပြော ပါတယ်။