အိုင်ဗရီကို့စ်တ် သမ္မတ ရွေးကောက်ပွဲ ကျင်းပ

  • 31 အောက်တိုဘာ 2010
Image caption လက်ရှိသမ္မတ လောရန့်တ်ဘတ်ဗိုက တခြား သမ္မတလောင်း ၁၃ ဦးနဲ့ ယှဉ်ပြိုင်

အိုင်ဗရီကို့တ်စ်နိုင်ငံမှာ သမ္မတရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်တွေ မဲပေးနေကြပါပြီ။

၆ ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ရတဲ့ ဒီရွေးကောက်ပွဲ မှာ လက်ရှိသမ္မတ လောရန့်တ် ဘတ်ဗိုဟာ တခြား သမ္မတလောင်း ၁၃ ဦးနဲ့ ယှဉ်ပြိုင်ကာ ဝင်အရွေးခံခဲ့ပါတယ်။

ဝန်ကြီးချုပ် ဂီယွန်ဆိုရိုကတော့ ရွေးကောက်ပွဲ ရလဒ် ထွက်လာရင် ကိုယ်စားအားလုံး အနေနဲ့ ရလဒ်ကို လက်ခံဖို့ ပန်ကြားထားပါတယ်။

''ရွေးကောက်ပွဲဟာ သိသာမြင်သာရှိပါလိမ့်မယ်။ ကိုယ်စားလှယ်အားလုံးဟာ လွတ်လပ်တဲ့ ရွေးကောက်ပွဲကော်မရှင်က ကြေညာမယ့် ရလဒ်ကို လက်ခံဖို့ ကတိပေးရမယ်လို့ နိုင်ငံရေး ဆောင်ရွက်နေသူအားလုံးကို ကျွန်တော် ပန်ကြားထားပါတယ်လို့'' ဝန်ကြီးချုပ်က ပြောပါ တယ်။

တချို့မဲရုံတွေမှာဆိုရင် လူတန်းရှည်ကြီးတွေနဲ့ ကြံ့ကြာမှုတွေ ဖြစ်နေတယ်လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်နေတဲ့ အရင် ဂါနာသမ္မတဟောင်း ဂျွန်ကက်ဖဝေါက ပြောပါတယ်။

ပြည်တွင်းစစ် ၈ နှစ်ကြာဖြစ်ပွားခဲ့တာကြောင့် ၂ ပိုင်းကွဲနေတဲ့ တိုင်းပြည်ကို ပြန်လည် ပေါင်းစည်းဖို့အတွက် ဒီရွေးကောက်ပွဲက ဆောင်ကျဉ်းပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။