ဘဂ္ဂဒက်က စီးနင်းခံ ဘုရားကျောင်း ပြန်ရ

  • 1 နိုဝင်ဘာ 2010
church
Image caption အတိုက်ခိုက်ခံခဲ့ရတဲ့ ဘုရားကျောင်း

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့က ကက်သလိတ် ဘုရား ရှိခိုးကျောင်းကို စစ်သွေးကြွ သေနတ်သမား တွေက ဝင်ရောက် စီးနင်းပြီး တန်ဆာခံ အဖြစ် ဘုရားကျောင်း လာသူတွေကို ဖမ်းဆီး ထားခဲ့တာကို အမေရိကန်တွေရဲ့ အကူအညီနဲ့ အီရတ် လုံခြုံရေး တပ်ဖွဲ့တွေက ဝင်ရောက် စီးနင်းခဲ့ ကြပါတယ်။

ဒီလို တိုက်ခိုက် ခဲ့ရာမှာ လူတချို့ အသက် ဆုံးရှုံး ခဲ့ကြရသလို ထိခိုက် ဒဏ်ရသူတွေလဲ ရှိပေမယ့်လို့ အတိအကျ နဲ့တော့ မသိရသေးပါဘူး။

ဒီသေနတ် သမားတွေ ဟာ အစကတော့ ဘုရားကျောင်း အနားက ဘဂ္ဂဒက် စတော့ အိတ်ချိန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ ဖြစ်စဉ် မှာတော့ ရဲအရာရှိ ၂ ဦး အပါအဝင် လူ ၆ ဦး သေဆုံးခဲ့ ကြရတယ်လို့ အီရတ် ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီ ကနေတဆင့် သေနတ် သမားတွေဟာ ဘုရားကျောင်း လာသူတွေ ညနေဘက် ဆုတောင်း ဝတ်ပြုနေကြတဲ့ ဘုရားကျောင်းဆီကို ဆုတ်ခွာ ခဲ့ကြပြီး ဘုရားကျောင်းကို စီနင်း ဝင်ရောက် ခဲ့ကြတာ ဖြစ်ပါတယ်။