အမတ်တော်တော်များများ မဲရုံစောင့်အခက်ကြုံ

  • 3 နိုဝင်ဘာ 2010
ရွေးကောက်ပွဲနမူနာ မဲပေးသရုပ်ပြ
Image caption ရွေးကောက်ပွဲနမူနာ မဲပေးသရုပ်ပြ

မြန်မာနိုင်ငံမှာ လာမဲ့ နိုဝင်ဘာ ၇ရက် မှာပြုလုပ်မဲ့ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေက ယှဉ်ပြိုင်ကြမဲ့ အမတ်လောင်းတွေအနေနဲ့ မဲရုံစောင့်ကြည့်သူ ခေါ်လို့မရတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ အမတ်လောင်း ဒေါ်သန်းသန်းနုက ဘီဘီစီကို ပြောပါတယ်။

သူ့အနေနဲ့ ဒီမိုကရက်တစ်ပါတီမြန်မာ ပြည်ကနေ မန္တလေးကိုယ်စားပြု အမျိုးသားလွှတ်တော်အမတ် လောင်းအဖြစ်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အမရပူရမြို့နယ် တခုထဲမှာ မဲရုံပေါင်း ၁၃၈ ရုံရှိပြီး ကိုယ့်ပါတီကို ထောက်ခံမဲပေးတာ စောင့်ကြည့်ဖို့ ကိုယ်စားလှယ်နဲ့ လက်ထောက်ကိုယ်စားလှယ် ၇ယောက်ဘဲရှိလို့ မဲရုံအားလုံး စောင့်ကြည်လို့မလွယ်ဘူးလို့ပြောပါတယ်။

အလားတူပြဿနာမျိုးအမတ်လောင်းတော်တော်များများကြုံနေရပြီး မဲရုံစောင့်ကြည့်သူတွေအနေနဲ့ ဓါတ်ပုံတပုံ၊ မှတ်ပုံတင်နဲ့ တကွလျှောက်လွှာတင်ကြရတဲ့အတွက် သူတို့ကို အန္တရာယ်ပြုမှာကြောက်လို့ ငှါးရမ်းလို့မရတာလို့ ဒေါ်သန်းသန်းနုက ဘီဘီစီကို ပြောပြသွားပါတယ်။