Airbus လေယာဉ် အရေးပေါ် ပြန်ဆင်းရ

  • 4 နိုဝင်ဘာ 2010
airbus
Image caption ခရီးသည်တွေ အထိအခိုက် မရှိခဲ့

သြစတြေးလျ Qantas လေကြောင်းလိုင်း က ခရီးသည်တင် Airbus A 380 အမျိုးအစား လေယာဉ် တစီး ပျံသန်း နေစဉ် အင်ဂျင်မှာ ပြဿနာ ပေါ်ခဲ့ ပြီး အရေးပေါ် ဆင်းသက် ခဲ့ရ ပါတယ်။

ခရီးသည် ၄၆၀ ဦး ကို တင်ဆောင်ပြီး စင်္ကာပူ ကနေ ဆစ်ဒနီ ကို သွားတဲ့ ခရီးစဉ် စခဲ့ပြီး မကြာမီ လေယာဉ် အင်ဂျင် စက် တလုံး ဆီက ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး တဲ့နောက် စင်္ကာပူ လေယာဉ် ကွင်း ကို လေယာဉ် အရေးပေါ် ပြန် ဆင်းသက်ခဲ့ ရပါတယ်။

လေယာဉ် ဟာ အင်ဒိုနီးရှား အပိုင် ဘာတန် ကျွန်း အနီး မှာ ပျံသန်းနေစဉ် ပြဿနာ ပေါ်ခဲ့ ပြီး ဖြစ်ပျက်ပုံ ကို မျက်မြင် တွေ့လိုက်ရတဲ့ အင်ဒိုနီးရှားကျောင်းဆရာ တဦး က သူ တို့ စာသင်နေ ကြတုန်းမှာ ပဲ အတော် ကျယ်လောင်တဲ့ ပေါက်ကွဲသံ တခု သူတို့ ခေါင်း ပေါ် က ပေါ်ထွက် လာခဲ့ တယ်၊ လေထဲမှာ လေယာဉ် ဆီက အပျက်အစီး အပိုင်း အစ တွေ လွင့်ထွက် နေတာ တွေ့လိုက် ရ သလို ကျောင်းဝင်း ထဲ ကို လည်း အပိုင်း အစ တခု ကျ လာခဲ့တယ် လို့ ဘီဘီစီ ကို ပြန် ပြောပြ ပါတယ်။

လေယာဉ် ကိုအောင်မြင် စွာ ပြန်လည် ဆင်းသက်နိုင်ခဲ့ပြီး လေယာဉ် ပေါ် က ခရီး သည် ဘယ်သူမှ ဒဏ်ရာ ရတာ မရှိခဲ့ပါဘူး။

အခုတော့ Qantus လေကြောင်း လိုင်း က သူတို့ရဲ့ Airbus A 380 အမျိုးအစား ၆ စီး စလုံး ကို မြေပြင် ကနေ တက်ခွင့် မပြုပဲ ရပ်ဆိုင်း ထားပါတယ်။

စင်ကာပူ လေကြောင်းလိုင်း ကလည်း သူတို့ ပိုင်တဲ့ Airbus A 380 တွေကို ပြန်လည် စစ်ဆေး နေတဲ့ အတွက် သူတို့ လေကြောင်း ခရီးစဉ် ကို တွေ ရွှေ့ဆိုင်း ထားရ ပါတယ်။