အမေရိကန်အစိုးရနှစ်ဝက်ရွေးကောက်ပွဲအခြေမလှ

  • 4 နိုဝင်ဘာ 2010
obama
Image caption သမ္မတ အိုဘားမား

အမေရိကန် အစိုးရ သက်တမ်းဝက် ရွေးကောက်ပွဲ မှာ သမ္မတအိုဘားမား ရဲ့ ဒီမိုကရက်တစ် ပါတီဟာ စီးပွားရေး အခြေအနေ တိုးတက်မှု နှုံးထား နှေးကွေးမှု၊ အလုပ်လက်မဲ့တိုးပွားမှု စတာတွေကြောင့် ကွန်ဂရက် အောက်လွတ်တော် မှာ အမတ်နေရာ တွေဆုံးရှုံးရပြီး၊ ဆီးနိတ်အထက်လွှတ်တော် မှာသာ ပွတ်ကာသီကာအနိုင်ရသွားပါတယ်။

သမ္မတအိုဘားမား က အမေရိကန်ပြည်သူတွေ စီးပွားရေး အဆင်မပြေကြ လို့ စိတ်ပျက်ကြတာကို အသိအမှတ် ပြု ပြောကြား ပါတယ်။ ဒါကြောင်မို့ သူ့ အနေနဲ့ စီးပွားရေး ပြန်လည် ဖွံ့ဖြိုးလာဖို့ နဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးရေး ကို တိုက်ရိုက် ဆောင်ရွက် တာဝန်ယူပါ့မယ် လို့ ပြောကြားပါတယ်။

မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံ အဖြစ်အမှုထမ်းခဲ့ ဖူးတဲ့ ပရစ္စလာ ကလက်ပ် ကို လဲ၊ အမေရိကန် နိုင်ငံရေး အခြေအနေ မေးကြည့်ရာမှာ ပြိုင်ဖက် ပါတီကြီး နှစ်ခု ဟာ ဉပဒေကြမ်း တခုခု တင်သွင်းပြီး၊ အတည်ပြုရေး မှာ အငြင်းအခုံ တွေ ပိုများလာဘွယ် ရှိကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။

ဒီမိုကရက်တစ် ပါတီဟာ မြန်မာစစ်အစိုးရ နဲ့ ပြေလည်တဲ့ ဆက်ဆံရေး မျှော်လင့် ထားတဲ့ အတွက်၊ မကြာခင် တက်လာမဲ့ အစိုးရသစ်နဲ့ ဆက်ဆံရေး၊ မြန်မာ့ နိုင်ငံရေး စတာတွေ အပေါ်မှာ သက်ရောက်မှု ရှိနိုင်မလား လို့ မေးရာမှာတော့၊ နှစ်ဝက် ရွေးကောက်ပွဲ ဟာ နိုင်ငံခြားရေး ပေါ်လစီ နဲ့ မသက်ဆိုင်ပုံ ကို မစ္စကလက်ပ် က ရှင်းပြပါတယ်။