သမ္မတအိုဘားမား အိန္ဒိယရောက်ရှိ

  • 6 နိုဝင်ဘာ 2010
Image caption ဟိုတယ် အဆောက်အဦးဟာ အိန္ဒိယရဲ့ကြံ့ခိုင်မှု ကို ဖေါ်ကျူးတဲ့ ပြယုဂ်ဖြစ်တယ်လို့ဆို

အမေရိကန်နဲ့ အိန္ဒိယနိုင်ငံ တို့ဟာ အကြမ်းဖက်ဝါဒ ဆန့်ကျင်တိုက်ဖျက်ရေး ကို ညီညီညွတ်ညွတ် ရပ်တည် ဆောင်ရွက် နေတယ်လို့ သမ္မတ အိုဘားမားက အိန္ဒိယကို ရောက်ရှိစဉ် မွန်ဘိုင်းမြို့ တာ့ချ်ဟိုတယ်မှာ ပြောကြား လိုက်ပါတယ်။

တာ့ချ် ဟိုတယ်ဟာ ၂၀၀၈ ခုနှစ်တုန်းက အစ္စလာမ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတဲ့ ဟိုတယ် ဖြစ်ပါတယ်။

မစ္စတာအိုဘားမားက ဒီဟိုတယ် အဆောက် အအုံကြီးဟာ အိန္ဒိယရဲ့ ကြံ့ခိုင်မှုကို ဖေါ်ကျူးတဲ့ ပြယုဂ်ဖြစ်တယ်လို့ ကြေညာ ပြောဆို သွားပါတယ်။

သူဟာ အာရှဒေသ ၄ နိုင်ငံခရီးစဉ်အတွင်း ပထမဦးအနေနဲ့ အိန္ဒိယနိုင်ငံရောက်ရှိစဉ် အဲဒီ တာ့ချ် ဟော်တည်မှာ တည်းခိုနေတာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ ၂ နှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် သေဆုံး သွားခဲ့သူ လူ ၁၆၆ ယောက်အတွက် အမှတ်တရနေရာကို သမ္မတအိုဘားမှာ သွားရောက်မှာ ဖြစ်ပါတယ်။

သမ္မတလုံခြုံရေးအတွက် မွန်ဘိုင်းမြို့တလွှားမှာ အိန္ဒိယကိုမန်ဒိုတွေနဲ့ အမေရိကန်လှို့ဝှက် လုံခြုံရေးဌာနက ထောက်လှမ်းရေးတွေအပါအဝင် ထောင်နဲ့ချီချတဲ့ လုံခြုံရေးတွေ ချထား ပါတယ်။