ရွေးကောက်ပွဲအပေါ်တိုင်းရင်းသားအမြင်

  • 9 နိုဝင်ဘာ 2010
မဲရေတွက်နေစဉ်
Image caption မဲရေတွက်နေစဉ်

တိုင်းရင်းသားဒေသတွေမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီစတဲ့ တိုင်းရင်းသား ပါတီတွေ တချို့နယ်မြေမှာ အနိုင်ရနေလို့ တိုင်းရင်းသားတွေ သူတို့ ကြိုက်တဲ့ပါတီမဲပေးနိုင်တယ် လို့ယူဆနိုင်ပေမဲ့ တချို့ကတော့ ဘာမှပြောင်းလဲလာမှာ မဟုတ်ဘူးလို့ ယူဆနေကြပါတယ်။

ကချင်အမျိုးသားကြီး တယောက်ကတော့ မြစ်ကြီးနားမြို့မှာ မဲပေးစဉ် မနောတိုင် အမှတ်အသားကို တိုင်းရင်းသား ကိုယ်စားပြုပါတီလို့ ယူဆပြီးမဲပေးခဲ့ပေမဲ့ နောက်နေ့ကျမှ ကြံ့ခိုင်ရေးပါတီနဲ့ ပတ်သက်နေမှန်း သိရတယ် လို့ဘီဘီစီကိုပြောပါတယ်။

ချင်းပြည်နယ် ဖလမ်းမြို့က မဲမပေးတဲ့အမျိုးသမီး တယောက်ကတော့ သူ့အနေနဲ့ ဘယ်သူတွေဟာ ဘယ်ပါတီမှန်းမသိလို့ မဲမပေးသလို တကယ်လို့ မဲပေးဖြစ်ခဲ့ရင်လည်း ချင်းတိုင်းရင်းသား ကိုယ်စားပြု ပါတီကိုဘဲပေးမှာလို့ဆိုပါတယ်။

အခုပြောဆိုမှုတွေအရ တိုင်းရင်းသား အတော်များများဟာ မဲမပေးခင်သာမက မဲပေးတဲ့နေ့မှာ တောင်ရွေးကောက်ပွဲဆိုတာနဲ့ပတ်သက်လို့ ရှင်းရှင်း လင်းလင်းနားလည်မှု မရှိတာတွေ့ရပါတယ်။