ဝီလီယံ မင်းသား စေ့စပ်ပွဲ

  • 17 နိုဝင်ဘာ 2010
william_kate
Image caption မိခင်ဒိုင်ယာနာ ရဲ့ စေ့စပ်လက်စွပ် ဆင်မြန်း

ဗြိတိသျှထီးနန်းအရိုက်အရာ ရဲ့ ဒုတိယအိမ်ရှေ့ နန်းလျှာ ဝီလီယံမင်းသား နဲ့ ချစ်သူ ကိတ်မစ်ဒီလ်တန် တို့ဟာ၊ စေ့စပ်ကြောင်းလမ်း ပြီးစီးကြောင်း၊ ကြေငြာ အပြီးမှာ မင်္ဂလာ ဆောင်မဲ့ အစီအစဉ် ကိုပါ ပွင့်ပွင့် လင်းလင်း ပြောဆို လိုက်ပါပြီ။ ဝီလီယံ မင်းသားက ကင်ညာနိုင်ငံကို မကြာခင်ကပဲ အပမ်းဖြေ ခရီးထွက်ကြ စဉ်မှာ သူ့ကို လက်ထပ်ခွင့် တောင်းတဲ့ အတွက်၊ သူ့ဖက်က အံ့အားသင့် သွားရတဲ့ အကြောင်း မစ္စ မစ်ဒီလ်တန် က ပြောပြပါတယ်။

ဝီလီယံ မင်းသား ဖက်ကလဲ ချစ်သူကို လက်ထပ်ခွင့် အရင် တောင်းရခြင်းက၊ တကယ်လို့ ချစ်သူ ရဲ့ ဖခင်ကို အရင် ခွင့်တောင်းမိလို့ သမီးနဲ့ သဘောမတူဘူး လို့ ပြောမှာကို စိုးရိမ်လို့ ဖြစ်ကြောင်း၊ မိခင် ဒိုင်ယာနာ ဝတ်ခဲ့ဖူးတဲ့ စိန်ချယ်နီလာ စေ့စပ် လက်စွပ် ကို ချစ်သူကို ပေးဖို့ အရေးမှာလဲ၊ ကျောပိုးအိတ်ထဲမှာ သုံးပတ်လောက် သိမ်းထားရတဲ့ အကြောင်းတွေ သတင်းထောက်တွေ ကို ပြောပြပါတယ်။