START -2 စာချုပ် အတည်ပြုပေးဖို့ ဆီးနိတ်ကို ဟီလာရီပြောကြား

  • 18 နိုဝင်ဘာ 2010
Image caption နှုတ်ခမ်းနီ ဆိုးနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး

အမေရိကန် ပြည်ထောင်စု နဲ့ ရုရှား သဘောတူထားတဲ့ နျူကလီးယား လက်နက် လျှော့ချရေး စာချုပ်ကို အထက် လွှတ်တော်က မဲခွဲဆုံးဖြတ် အတည်ပြုပေးဖို့ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က တိုက်ရိုက် ပန်ကြားလိုက်ပြီး ဒီကိစ္စကို ဆိုင်းငံ့ထားလို့ မဖြစ်ဘူးလို့ ပြောပါတယ်။

START-2 ဆိုတဲ့ စာချုပ်ကို ဒီနှစ်အတွင်း အတည်ပြုပေးဖို့ ပျက်ကွက်ခဲ့ရင် အမျိုးသား လုံခြုံရေးကို ထိခိုက်နိုင်တယ်လို့ သူမကိုယ်တိုင် အထက်လွှတ်တော် ကို တက်ရောက် ပြောကြားခဲ့ပါတယ်။

START-2 စာချုပ်ဟာ အမေရိကန်နဲ့ ရုရှားတို့ ပိုင်ဆိုင်ကြတဲ့ နျူကလီးယား လက်နက်တွေကို လျော့ချပြီး စစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီစာချုပ်ကို ရီပါဘလစ်ကန် အမတ်တချို့က ဆန့်ကျင်ပြီး အမေရိကန်ရဲ့ နျူကလီးယား ကာကွယ်မှုတွေကို ဖျက်ဆီးပစ်ရာ ရောက်တယ်လို့ ဆိုပါတယ်။